Unicode☕️
ဒီနေ့ကတနင်္ဂနွေနေ့။ဒီနေ့ပြီးရင်တော့ ကိုကိုးကစံရိပ်ငြိမ်ကို နောက်တစ်ပတ်မှသာလာရတော့မယ်။ဒီဒီကအဲ့ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ကျောင်းအိမ်စာအတွက် စက္ကူတွေညှပ်နေရင်းမှ မျက်နှာကမသာမယာဖြစ်နေခဲ့ပါတယ်။သူမကကိုကိုးကို အိမ်မှာညပါအိပ်စေချင်နေတာ။
"ဒီဒီ့အစ်ကိုကိုလည်းမတွေ့ပါ့လား"
ပုံမှန်ဆို ကိုကိုးတို့အနားမှာ တောက်တဲ့လိုကပ်နေတတ်တဲ့လူမရှိတာကလည်း မျက်လုံးထဲမှာ ဟာတာတာဖြစ်စေပါတယ်။
"ကိုကိုကပေါ်လာလိုက်ပျောက်သွားလိုက်ပဲ"
ဒီဒီ့စကားကြောင့် ကိုကိုးရယ်လိုက်တယ်။ အသက်ရှည်ပါဦးမယ်။ သူ့အကြောင်းပြောနေတုန်းမှာပဲ စိုင်းကကိုကိုးတို့အခန်းတံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီးဝင်လာတယ်။ပုံစံဟာ တစ်ညလုံးသေချာအိပ်ထားရတဲ့ပုံမပေါ်ဘဲ မလန်းမဆန်းဖြစ်နေပုံရသလို ခြေထောက်ကခြေအိတ်အနက်တောင် မချွတ်ရသေးပုံထောက်တော့ အခုမှအိမ်ပြန်ရောက်တာဖြစ်နိုင်တယ်။လည်ပင်းက အမြဲ တလက်လက်ဖြစ်နေတဲ့ပလက်တီနမ်ဆွဲကြိုးကတော့ ညကဆိုင်ကယ်ပြိုင်ရင်းရှုံးလို့ ချွတ်ထားခဲ့တာပါ။ထည်လဲဝတ်နေကျ အနက်ရောင်သားရေဂျာကင်ကလည်း ပုခုံးပေါ်မှာတင်ထားမြဲ။
အနှီသူက ဒီဒီနှင့်အတူစက္ကူတွေဝိုင်းညှပ်ပေးနေတဲ့ ကိုကိုးဘေးနားမှာ လက်တွေကိုနောက်ပစ်ထောက်ထားရင်း ခြေထောက်တွေဆန့်တန်းပြီး ထိုင်ချလိုက်တယ်။ဘေးတိုက်အနေအထားမှာ သူကကိုကိုးရဲ့မျက်နှာပေါ်ကမှဲ့ခြောက်လေးတွေနှင့် ဆံပင်ခွေခွေလေးတွေကို အနီးကပ်မြင်နေရတယ်။ညီမလုပ်သူကတော့ အစ်ကိုကိုလုံးလုံးလျစ်လျူရှုထားပြီး ကိုကိုးနှင့်လုပ်လက်စအလုပ်ကိုပဲအာရုံစူးစိုက်နေပါတယ်။
"ညကဘာလို့စာကိုseenတောင်မပြတာလဲ။အိပ်ပျော်သွားတာလား"
"ဟင်"
သူ့စကားကို ကိုကိုးတစ်ယောက်နားမလည်ကြောင်း အာမေဋိတ်သံနှင့်မျက်လုံးဝိုင်းဝိုင်းတို့က သက်သေခံနေတယ်။
"messengerမှာပို့ထားတာ"
"အာ....ဟုတ်လား"
ဘေးနားမှာရှိနေတဲ့လွယ်အိတ်ထဲကနေ ကိုကိုးဖုန်းကိုယူထုတ်လိုက်တယ်။မနေ့ညကနေအခုထိ ကိုကိုးလုံးဝ အင်တာနက်မဖွင့်မိသေးလို့သာ အခုထိမသိရတာပါ။တစ်ဖက်က ကိုကိုးရဲ့လှုပ်ရှားမှုအစုံကို မျက်တောင်မခတ် စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းနေတယ်။အင်တာနက်ဖွင့်ပြီးနောက်တော့ ကိုကိုးရဲ့messenger notificationက ကျောင်းတက်ခေါင်းလောင်းတီးလိုက်သလို ဆူညံသွားတော့တယ်။အပေါင်းအသင်းမရှိတဲ့ကိုကိုးအတွက် သူ့ရဲ့messengerက ပင့်ကူအိမ်တွယ်လောက်တဲ့အထိ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပေမယ့် အခုတော့တစ်စုံတစ်ယောက်ရဲ့ကျေးဇူးကြောင့် ပင့်ကူအိမ်တွေရှင်းလင်းသွားလောက်ပြီ။ကိုကိုး စာတွေကိုတစ်ကြောင်းချင်းစီ လိုက်ဖတ်ကြည့်တယ်။

ESTÁS LEYENDO
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.