Special part-4

11K 1.1K 97
                                    

Unicode 🦊

ထည်ဝါညီညီကတော့ သူဋ္ဌေးနှင့်သတ်ရင်း၊ပုတ်ရင်း စကားနိုင်လုရင်းနှင့်ပဲ အလုပ်လုပ်တာတစ်လပြည့်ခဲ့ပြီ။ဒီတစ်လအတွင်းမှာ သူရဲ့ခန္တီပါရမီက တရားကျင့်လို့ရလောက်တဲ့အထိ မြေခွေးအိုကြီးကိုသူသည်းခံခဲ့ပါတယ်။အင်း...တစ်ခါတစ်ခါကျတော့လည်း ဝက်ရူးပြန်ပါတယ်ဆိုပြီး ထထလုပ်တတ်တာက တစ်ပိုင်းပေါ့။တစ်လဆိုတာဘာမှမကြာလိုက်ပေမယ့် သူနှင့်မြေခွေးအိုကြီးရဲ့ဆက်ဆံရေးကတော့ တစ်ရာမှာသုညဒသမသုညသုညသုညသုညသုညသတစ်ရာခိုင်နှုန်းလောက်အထိ တိုးလာတယ်ဆိုရမှာပေါ့လေ။ပြီးတော့တစ်ရုံးလုံးနှင့်အစေးမကပ်တာက နုဝါသက်ပြီးရင်သူကဒုတိယမြောက်ဖြစ်လာပါတယ်။တကယ်တော့ အစ်မကြီးလုံးဝမမှားဘူး။အဲ့ဒီပြိုင်ချင်ဆိုင်ချင်ဇောများနေတဲ့ အမျိုးသမီးအုပ်စုတွေကသာ တကယ့်ပြသနာ။

တလောကလေးတင် HRမမစုတ်ပြားနှင့်သူအချေအတင်ဖြစ်ခဲ့ရသေးတယ်။အတွင်းရေးမှူးဖြစ်ပြီးတော့အဝတ်အစားကို သေချာမဝတ်လို့တဲ့။သူ့ကိုဘယ်လိုများဝတ်စေချင်နေတာလဲ။အမြဲတမ်းအနောက်တိုင်းဝတ်စုံအပြည့်ကို နက်ခ်တိုင်ကြီးကြပ်ထုပ်နေအောင် တပ်ပြီးမွန်းမွန်းကြပ်ကြပ်မနေနိုင်ပါဘူး။သူဝတ်တဲ့အဝတ်အစားတွေကလည်း ပေါပေါပဲပဲမဟုတ်တာ ကုမ္ပဏီတစ်ခုလုံးသိတယ်။အဲ့ဒီအဝတ်အစားတွေအားလုံးက ကိုကိုးအင်္ဂလန်ကနေပို့ပေးလိုက်တဲ့အကောင်းအစားတွေချည်းပါပဲ။ဒါကိုHRမမစုတ်ပြားက ဘာတွေဂျိုခွေ့ချင်နေသလဲမသိ။

မှတ်မှတ်ရရအဲ့ဒီနေ့က မမစုတ်ပြားကသူ့ကိုလုံးဝသင်ခန်းစာပေးတော့မယ့် ဆိုဒ်ဂိုက်အပြည့်နှင့် နင်လာခဲ့ဦးဆိုပြီး ကန်တင်းမှာအသံကောင်းလာဟစ်နေခဲ့လို့ အစ်မကြီးနုဝါနှင့်တောင်တစ်ပွဲဆက်ဖြစ်ခါနီးဆဲဆဲပါပဲ။ပြီးတော့ ဆရာမကြီးဆိုဒ်နှင့်ဘာကဘယ်လို အတွင်းရေးမှူးတစ်ယောက်မှာ ရှိရမယ့်ကျင့်ဝတ်ကဘယ်လို၊Formalကျတဲ့suitနဲ့ စည်းကမ်းတကျဝတ်စားသင့်ကြောင်းတွေ သြဇာသီးလာရောင်းနေလို့ သူလည်းတစ်ခွန်တည်းပိတ်ပြောခဲ့သေးတယ်။

"သူေဋ္ဌးကဖင်ပြောင်နဲ့မလာသရွေ့ ကျွန်တော်ကြိုက်တာဝတ်ခွင့် ပေးထားတာမလို့အစ်မဝင်မစွက်ဖက်လည်းရပါတယ်" လို့။

Kōhī {Complete }Où les histoires vivent. Découvrez maintenant