|| 19 ||

18.5K 1.7K 265
                                        

Unicode☕️

နေ့ရက်တွေ မသိမသာကုန်ဆုံးသွားပြီးတဲ့နောက် စိုင်းအဘွားရဲ့ရက်လည်နေ့ကို ရောက်လာခဲ့တယ်။

ဒီရက်တွေမှာ စိုင်းရဲ့စိတ်သက်သာရာရတဲ့အချိန်လေးတွေက ကိုကိုးနှင့်messengerမှာထွေရာလေးပါးပြောရတဲ့ အချိန်တိုလေးများသာ။စင်စစ်တော့ ကိုကိုးကလူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိပါဘူး။သူလုပ်နိုင်တာအကုန်လုံးက သူ့ဘဝမှာလွဲခဲ့သမျှအလွဲတွေကို ဟာသအနေနှင့်ပြန်ပြောပြပြီး ကြည့်ဖူးသမျှရုပ်ရှင်တွေထဲကစိတ်အားတက်စရာ စကားတွေကိုရံဖန်ရံခါပြန်ပြန်ပြောပြတတ်တာမျိုးသာဖြစ်ပေမယ့် အဲ့ဒီအရာတွေကိုက ထူးထူးခြားခြားစိုင်းရဲ့စိတ်အခြေအနေကို ကောင်းမွန်စေခဲ့တယ်လေ။အဲ့ဒီလိုနှင့် စိုင်းရဲ့စနောက်မှုတွေက အတည်တကျဖြစ်လာပြီးတော့ ကိုကိုးကသူ့နှလုံးသားထဲကို အံ့သြစရာကောင်းလောက်အောင် အရှိန်ပြင်းပြင်းနှင့်အချိန်တိုတိုလေးအတွင်းမှာ တိုးဝင်လာခဲ့ပါတယ်။

"ကိုကိုး ဒေါက်တာစောင့်နေတယ်။မပြီးသေးဘူးလားဟဲ့"

အခန်းအပြင်ကအမေ့အော်သံကို ကိုကိုးကြားနေရတယ်။ခဲရောင်ပုဆိုးကို သေချာလေးတင်းတင်းကြပ်ကြပ်ဝတ်လိုက်ပြီး ညီညီနှင့်သူ့ရဲ့ကုတင်နှစ်ခုအလယ်နံရံမှာ ချိတ်ထားတဲ့လက်တစ်ဝါးကျော်စာလေးထောင့်မှန်ရှေ့မှာ ဆံပင်ကိုသုံးလေးချက်ဖြီးသင်လိုက်ပြီးတော့ ကိုကိုးရဲ့ရက်လည်သွားဖို့ပြင်ဆင်မှုကလည်း ပြီးပြီ။တကယ်တော့ သူနှင့်လည်း သိပ်ကိုရင်းနှီးကျွမ်းဝင်နေတာမဟုတ်တဲ့ နာရေးကို ကိုကိုးမသွားချင်ပါ။ဒါဟာလူမှုရေးမသိတတ်တာမျိုးမဟုတ်ဘဲ လူကြီးတွေကိစ္စဖြစ်နေတာလို့ တွေးမိတာမျိုးကြောင့်ပါ။အဲ့ဒီအပြင် ဆုံးသွားတဲ့အဘွားနှင့်လည်း ကိုကိုးကတစ်ခါမှ တေ့တေ့ဆိုင်ဆိုင်ဆုံဖူးတာ မဟုတ်။

သို့သော်လည်းပဲ ကိုကိုးတို့အမေကသာရေး၊နာရေးမှာ လူကြီးလူငယ်ဆိုတာမရှိဘူးဟဲ့လို့ဆိုလျက် သူ့ခေါင်းကိုတစ်ချက်လောက်ခေါက်ပြီးချိန်မှာတော့ ကိုကိုးတစ်ယောက် ရက်လည်ကိုဝတ်သွားဖို့ ပုဆိုးစရှာရပါတော့တယ်။စိုင်းနှင့်ဒီဒီကလည်း ကိုကိုးကိုလာစေချင်ကြလို့ ဖိတ်စာနှင့်တောင်တကူးတကဖိတ်လိုက်ပါသေးတယ်။

Kōhī {Complete }Where stories live. Discover now