Unicode☕️
"မင်း ဒေါက်တာ့ကိုပထမတစ်ခါတွေ့ဖူးပြီးပြီမလား"
ကိုကိုးက သက်ဇမ္ဗူမောင်ရဲ့လက်မောင်းကို တံတောင်နှင့်တွတ်ပြီး ပြောလိုက်တယ်။ဒီကောင်ကတော့ လမ်းတွေမမှတ်မိရုံတင်မကဘူး။လူရုပ်တွေပါမမှတ်မိတော့တာများလား။
"မတူဘူး...ဒီတစ်ခေါက်ကပုဆိုးနဲ့ဟ"
ကိုကိုးကမျက်ဆံသာလည်ပြမိတော့တယ်။ဇမ္ဗူကပုဆိုးဝတ်ထားရင် သိပ်သဘောကျတတ်တာ။
"ကဲ...သွားပြီနော် ဇမ္ဗူ။ဟိုမှာ မင်းအိမ်ကကားလည်းရောက်လာပြီ"
ကိုကိုးက သက်ဇမ္ဗူမောင်ကို လက်ပြလိုက်ပြီး လင်းဟန်သာဆီကိုတန်းတန်းမတ်မတ်ပြေးသွားလိုက်တယ်။လျှောက်မလည်ရလို့သက်ဇမ္ဗူမောင်ရဲ့မျက်နှာက မျောက်အိုမကြီးပါးရိုက်ခံရသလို ရှုံ့တွရင်း သူ့အိမ်ကကားပေါ်တက်သွားတယ်။ကိုကိုးကတော့ လက်တွေကားပြီးရင်ဖွင့်ကြိုဆိုနေတဲ့ တစ်ယောက်သောသူဆီ ပြေးခုန်ပစ်သမားလေးလို ပစ်ဝင်လိုက်တော့တာပါပဲ။သူဘယ်လောက်တောင် လွမ်းနေခဲ့ရပါသလဲ။
"မှန်းစမ်း ကိုယ့်ကလေးလေး ဒီရက်တွေမှာအစားကောင်းကောင်းစားရဲ့လား"
လင်းဟန်သာက သူ့ရင်ခွင်ထဲကကိုကိုးရဲ့မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်ကိုင်ဆွဲမော့စေပြီး ပါးနှစ်ဖက်ကိုဖျစ်ညှစ်လိုက်ရင်း ခပ်ပြုံးပြုံးပြောတယ်။အချိန်နည်းနည်းနောက်ကျနေတာကြောင့် ကျောင်းရှေ့မှာလည်း လူရှင်းနေပါတယ်။ဒါကြောင့်လင်းဟန်သာက ကိုကိုးကိုစိတ်ရှင်းရှင်းနှင့် တီတီတာတာလုပ်နိုင်တာ။လင်းဟန်သာက အထူးသဖြင့်လူမြင်ကွင်းမှာ ကိုကိုးကိုမေးငေါ့ပြောဆိုခံရနိုင်တဲ့ အပြုအမူ၊အထိအတွေ့တွေကို အမြဲရှောင်ပါတယ်။
"မစားဘူး ဒေါက်တာက အကြာကြီးပစ်ထားပြီးတော့များ"
ကိုကိုးက သူ့ပါးပေါ်ရောက်နေတဲ့လင်းဟန်သာရဲ့ လက်ကိုတစ်ချက်ဆွဲဖမ်းကိုက်လိုက်ရင်း စကားနာထိုးတယ်။လင်းဟန်သာကအကိုက်ခံထားတာကနေအပြုံးမပျက်နှင့် ကိုကိုးမျက်နှာကိုတစိမ့်စိမ့်ကြည့်နေရင်း စကားဆိုတယိ။
ESTÁS LEYENDO
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.