Book Announcement ☕️

3.1K 157 31
                                    

Unicode

အားလုံးပဲမင်္ဂလာပါ။ ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း book announcement လေးပေါ့။

လွန်ခဲ့တဲ့နှစ်နှစ်ကိုကိုးနဲ့ဟန်သာ့ကိုစဖန်တီးခဲ့တုန်းက Kohi ကိုစာအုပ်တစ်အုပ်အနေနဲ့ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှတောင်မတွေးခဲ့မိဖူးဘူး။ ဒီမပြည့်စုံမှုတွေကိုရုပ်လုံးသွင်းလို့ရပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကိုမယုံကြည်တဲ့စိတ်တွေပဲရှိခဲ့ပါတယ်။ ဒါပေမယ့်မထင်ထားလောက်အောင် ကိုကိုးနဲ့ဟန်သာကိုသဘောကျချစ်ခင်ပေးတဲ့လူတွေများလာခဲ့တော့ စိတ်မှာတော်တော်ပျော်မိပါတယ်။

အဲဲဒီထဲကမှအခုလက်ရှိကျွန်မဘဝမှာအခင်မင်ရဆုံးဖြစ်လာတဲ့ မိတ်ဆွေကောင်းတွေနဲ့လည်း Kohiကြောင့်ပဲဆုံစည်းခဲ့တယ်။ သူတို့ကKohiကိုသဘောကျကြတယ်။ စာအုပ်အတွက်လည်းတိုက်တွန်းပြီး အားအင်တွေပေးကြတယ်။ Kohiကကျွန်မအတွက် ကျွန်မကိုယ်တိုင်ဖန်တီးခဲ့တဲ့ကောင်းချီးတစ်ခုလိုပါပဲ။ ကျွန်မဘဝမှာKohiကပထမဆုံးထုတ်ဖြစ်မယ့်စာအုပ်လည်းဖြစ်သလို နောက်ဆုံးလည်းဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျွန်မစာတွေသိပ်ရေးဖြစ်၊ မရေးဖြစ်မသေချာတော့သလို ရေးပြီးသားလေးတွေကိုလည်းထုတ်ဖို့အစီအစဉ်မရှိလို့ပါ။

Kohiကိုထုတ်ဖြစ်တဲ့အကြောင်းအရင်းကလည်း ကျွန်မမိတ်ဆွေတွေရဲ့တိုက်တွန်းမှုဆန္ဒတွေကြောင့်အပြင်ကို ကျွန်မကိုယ်တိုင်အတွက်လည်း ဆယ်ကျော်သက်အမှတ်တရတစ်ခုချန်ခဲ့ချင်တာကြောင့်ပါ။ လွန်ခဲ့တဲ့လကကျွန်မ ၁၉ နှစ်ပြည့်သွားပါတယ်။ မျက်စိတမှိတ်အတွင်း နောက်နှစ်ဆို၂၀ ဖြစ်ပြီ။ စိတ်ကူးယဉ်အတွေးတွေထဲက ဆယ်ကျော်သက်​ကောင်မလေးအမြဲမဖြစ်နိုင်တော့ဘူး။ ဒါပေမယ့်ဆယ်ကျော်သက်ဘဝရဲ့ပျော်ရွှင်မှုတစ်ခုကို မိမိရရဆုပ်ကိုင်ထားချင်နေတယ်။ Kohiကကျွန်မအတွက် အဲဒီလိုဆုပ်ကိုင်ထားနိုင်မယ့်ပျော်ရွှင်မှုမျိုးပေါ့။

ဒါကြောင့်Kohiလေးက လာမယ့်Juneအကုန်လောက်မှာစာအုပ်တစ်အုပ်အဖြစ်ထွက်ရှိလာမှာပါ။ Kohiကိုချစ်ခင်မြတ်နိုးသဘောကျသူတွေအတွက်လည်း မသိလိုက်မဖြစ်ရအောင်ဒီကနေပဲအသိပေးလိုက်ပါတယ်ရှင့်။

Kōhī {Complete }Where stories live. Discover now