Special part-2

12.9K 1.2K 183
                                    

Unicode🦊

စကားအရအနိုင်လိုချင်လို့သေသာသေလိုက်မယ် ပြောတာကလည်း လက်တွေ့မှာတော့မလွယ်ပါဘူး။မချစ်သော်ငြားအောင့်ကာနမ်းဆိုတဲ့ စကားပုံကလည်း အလကားဖြစ်လာတာမှမဟုတ်တာ။သုံးနှစ်ပဲ။သုံးနှစ်ကဖင်လှည့်ခေါင်းလှည့်နဲ့ပြီးသွားမှာပါ။ကြားထဲမှာလူသတ်မှုဖြစ်သွားတော့လည်း အေးတာပေါ့လို့ ညီညီ့ခမျာလျှော့ပေါ့တွေးရပါတယ်။ပထမဆုံးအလုပ်တက်တဲ့ရက်ကတော့ အကုသိုလ်ပေါင်းတစ်သိန်းတစ်သောင်းနဲ့ပေါ့။

"ထည်ဝါညီညီ ကော်ဖီယူလာခဲ့ပါ"

Interconကနေကျက်သတုံးမြေခွေးအိုရဲ့အသံထွက်လာတယ်။သူ့စားပွဲက အဲဒီလူရဲ့အခန်းရှေ့တည့်တည့်မှာဖြစ်ပြီး အလယ်မှာမှန်တစ်ချပ်ကာထားပါတယ်။ဆတ်ခနဲလှည့်ကြည့်လိုက်တော့ မှန်တစ်ဖက်ခြမ်းကနေသူ့ကို အသာအယာလက်ပြနေတယ်။မုန်းစရာကောင်းလိုက်တာ။မုန်းလွန်းလို့ ဒေါသထွက်လွန်ပြီးသူတော့သွေးတစ်ပွက်လောက် အန်နိုင်တယ်။

"ထည်ဝါညီညီ ကြားရင်ကြားတဲ့အကြောင်း ပြန်ပြောလေ"

Interconကနေထပ်ပြီးထွက်လာတဲ့အသံက နားကြားပြင်းကတ်ချင်စရာပါ။မှန်တစ်ဖက်ခြမ်းကိုထပ်လှည့်ကြည့်လိုက်တော့ စားပွဲပေါ်ခြေထောက်တင်ထားတဲ့မြေခွေးအိုက ဆုံလည်ကုလားထိုင်ပေါ်မှာ ပျင်းရိပျင်းတွဲ့ထိုင်ရင်း သူ့ကိုပြန်ပြောလေဆိုတဲ့ပုံစံနှင့်ဘinterconကိုမေးငေါ့ပြတယ်။

"အသက်ကြီးပြီးအချိန်မစီးတဲ့ဟာ ကော်ဖီဖျော်ရဦးမှာကို သူ့မေကြီးတော်မလို့ပြန်ဖြေခိုင်းနေတာလား"

Interconခလုတ်ကိုပြန်ဖြေဖို့မနှိပ်ခင် ညီညီကမကျေမချမ်းရေရွတ်လိုက်သေးတယ်။ပြီးခါမှ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး interconခလုတ်ကိုနှိပ်လျက်

"အင်း"

တစ်ဖက်မှန်နောက်ကလူရဲ့ မကျေမနပ်လှုပ်လှုပ်ယွယွဖြစ်သွားတဲ့ပုံစံကို သေချာလှည့်မကြည့်ဘဲနှင့်တောင် သူမျက်လုံးထောင့်စွန်းကနေမြင်နေရတယ်။ဟုတ်ကဲ့မပြောလို့ အကြီးအကျယ်ဒေါခွီးသွားပုံပါပဲ။interconကနေအသံထပ်ထွက်လာတယ်။

"အလုပ်ခွင်မှာ သူ​ဋ္ဌေးကိုပေါ့ပျက်ပျက်ပြောတဲ့အမှုနဲ့ ငါးသောင်းနုတ်တယ်။ထည်ဝါညီညီ မင်းဒီလ လစာ လေးသိန်းခွဲပဲရတော့မယ်။ဒါတောင်မသေချာဘူး နောက်ထပ် ထပ်ပြီးဒီလိုအချိုးဆိုရင် ထပ်နုတ်မယ်"

Kōhī {Complete }Where stories live. Discover now