Unicode☕️
[Song recommend-Dandelion by ruth.b]
"မေမေတို့က ဒေါက်တာဒီလာမယ်မှန်းသိလို့ လမ်းကြုံဝင်ခေါ်ခဲ့ဖို့ အကူအညီတောင်းလိုက်တာလား"
ကိုကိုးမေးလိုက်တယ်။ ဒါပထမဆုံးအကြိမ် ကိုကိုးဒေါက်တာ့ကားပေါ်ကိုတက်ဖူးတာ။ကားairconဆီကနေပျံ့လာတဲ့ အမွှေးနံ့သင်းသင်းလေးက ဒေါက်တာ့နားမှာရနေကျ ကိုယ်သင်းရနံ့လေးနှင့် ခပ်ဆင်ဆင်တူတယ်။မအီလွန်းတဲ့ Vanillaနံ့ခပ်သင်းသင်း။
"ခါးပတ်ပတ်ဦး"
"သြော်...ဟုတ်သား"
ကိုကိုး လက်တုန်တုန်နှင့် ခါးပတ်ပတ်လိုက်တယ်။ဘာကြောင့်လက်တုန်ရသလဲဆို ဒါကကိုကိုးစိတ်လှုပ်ရှားတိုင်း ဖြစ်တတ်တဲ့ အကျင့်တစ်ခုမလို့လေ။Crushမောင်းတဲ့ကားကိုစီးရတဲ့အချိန် lover seatမှာပါထိုင်နေရရင် စိတ်မလှုပ်ရှားရိုးရှိပါ့မလား။ကုတင်ပေါ်မှာအတူတူအိပ်ခဲ့တုန်းကထက်ကို ပိုစိတ်လှုပ်ရှားနေခဲ့မိတယ်။ ဒေါက်တာ့ရဲ့မျက်နှာအမူအရာက ဒီနေ့မှပိုပြီးတည်တင်းနေခဲ့လို့လည်း ဖြစ်မယ်။ ဒေါက်တာက ကိုကိုးမေးခွန်းကိုအခုထိ မဖြေသေးပါ။ဒေါက်တာကတော့ သူ့ကိုတကူးတက ကားပေါ်တင်ခေါ်လာနိုင်ချေမရှိဘူးလို့ ကိုကိုးကယူဆမိလို့ မေးပြီးသားမေးခွန်းကိုထပ်မေးလိုက်တယ်။
"ဟို....မေမေတို့ကဒေါက်တာ့ကို ကျွန်တော့်ကိုပါ တစ်ခါတည်းခေါ်ခဲ့ဖို့အကူအညီတောင်းလိုက်တာလား"
"အင်း...."
အနိမ့်သံနှင့်ပြန်ဖြေတဲ့ လင်းဟန်သာရဲ့အသံက ဟက်ဟက်ပက်ပက်မရှိလှပါ။ အိမ်ကထွက်လာခါနီးမှာ ကိုကိုးကိုသူသာပြန်ခေါ်လာခဲ့မယ်ဆိုတဲ့ ကိုကိုးအိမ်ကိုဝင်ပြောခဲ့တဲ့ကိစ္စကိုလည်း သူကလုံးဝမေ့ပျောက်ထားလိုက်ပုံရတယ်။မှင်သေသေနှင့်ပြန်ဖြေတဲ့ လင်းဟန်သာရဲ့မျက်နှာရှုတည်တည်ကို စကားတစ်ခွန်းတည်းနှင့်ဖော်ပြရရင်တော့ "ပိရိသေသပ်စွာလိမ်လည်တတ်ခြင်း"....။
လင်းဟန်သာမောင်းတဲ့ကားက လင်းဟန်သာလိုပဲ တည်ငြိမ်လွန်းလျက်ဖြည်းဖြည်းနှင့်မှန်မှန် သွားနေပြီး ငြိမ့်ငြိမ့်ညောင်းညောင်းရှိလှတယ်။ ကားတွင်းအခြေအနေကတိတ်ဆိတ်လွန်းတာကြောင့် ကားအဲကွန်းကထွက်လာတဲ့လေသံကိုတောင် ကြားနေရတယ်။ပေါင်ပေါ်လက်တွေချတင်ထားရင်း ငြိမ်ငြိမ်လေးထိုင်နေတဲ့ကိုကိုးက လင်းဟန်သာကိုကြည့်လိုက်တယ်။ သူဒီတိတ်ဆိတ်လွန်းတဲ့ပျင်းရိစရာကားတွင်းလေထုအခြေအနေကိုဖြိုခွဲချင်လာတယ်။

YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.