Unicode☕️
ဒီမြို့မှာတော့ ကိုကိုးတို့အိမ်ကကော်ဖီကြမ်းက အရောင်းသွက်လာတယ်လို့ပြောလို့ရနိုင်ပြီ။စားသောက်ကုန်ဆိုတာထက် ကော်ဖီမှုန့်စစ်စစ်ဆိုတဲ့အမှုန့်အကြမ်းရတာမလို့ အလှအပရေးရင် scrubလုပ်တဲ့ဘက်မှာ ကုန်ကြမ်းပိုရောင်းရတယ်။စားသောက်ကုန်အတွက်ကတော့ နာမည်ပိုရှိတဲ့နှပ်ကော်ဖီတံဆိပ်တွေနှင့်ယှဉ်ရင် သိပ်တိုးမပေါက်သေးဘူး။
အနည်းဆုံးတော့ ကိုကိုးတို့အိမ်ကကော်ဖီမှုန့်တွေက အရောင်းသွက်နေပါသေးတယ်။
ကိုကိုးတို့အိမ်နောက်ဖက်မြေကွက်လပ်လေးမှာတော့ ထင်းရှူးပင်အချို့နှင့်အတူထပ်ပြီးရောက်ရှိလာတာက နေလှမ်းထားတဲ့ ကော်ဖီစေ့ဗန်းတွေပဲ။ကိုကိုးတို့အိမ်နောက်ဖေးပြတင်းပေါက်လေးကလှမ်းကြည့်ရင် တန်းမြင်ရတဲ့နေရာပေါ့။ မိုးတွင်းဆိုတော့အဝတ်တွေလှန်းသလို ပြေးလိုက်ရုတ်လိုက်ကတော့လုပ်ရတယ်။
ကိုးတန်းကျောင်းသားညီညီက ကျောင်းစတက်နေပြီဆိုပေမယ့် အာခီကျောင်းသားကိုကိုးကတော့ ယောင်ခြောက်ဆယ်ဖြစ်နေတုန်းပါ။အမေလည်းနေပြန်ကောင်းလာပြီ။ဒေါက်တာကတော့ တကယ်ကိုနတ်ဘုရားတစ်ပါးလို ချီးကျူးခံနေရတာပေါ့။အရင်တုန်းကတော့ ဒီလိုချီးကျူးစကားတွေကို ကိုကိုးကကန့်လန့်တိုက် နှာခေါင်းရှုံတတ်ပေမယ့် အခုအချိန်မှာသူကပါအမေနှင့်အတူ လိုက်လျောညီထွေဖြစ်ဖြစ် ဒေါက်တာ့ကောင်းကြောင်းတွေကို ထောက်ခံပြောဆိုတတ်လာတယ်။
ဒီမြို့မှာအခြေကျလာပြီလို့ထင်ရပေမယ့်လည်း ကိုကိုးဆီမှာသူငယ်ချင်းတော့ မရှိသေးဘူး။ဒါဆို အရင်မြို့မှာရော ကိုကိုးအတွက်သူငယ်ချင်းရှိခဲ့လားဆို ကိုကိုးကတော့ခေါင်းခါပြမှာပဲ။ကိုကိုးကတကယ်တော့အိမ်ကျယ်လေးပါ။အသက်ငယ်သူတွေနှင့်ပေါင်းတတ်သင်းတတ်ပြီး ကြီးသူတွေဆီမှာချစ်ဖို့ကောင်းလောက်အောင် ချွဲတတ်ဆိုးတတ်တဲ့ကိုကိုးက ရွယ်တူတွေနှင့်ဆိုလျှင်တော့ introvertလေးပုံစံကို သိသိသာသာပြောင်းသွားတတ်တယ်။အမေကကိုကိုးကို ရွယ်တူတွေနှင့်ပေါင်းတာ သိပ်သဘောမကျတာမလို့လည်း ဖြစ်လိမ့်မယ်။

YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.