|| 4 ||

19.8K 1.9K 142
                                    

Unicode☕️

နောက်ဆုံးတော့ တရားခံကို ကိုကိုးဖမ်းမိခဲ့ပြီ။အိမ်ပြောင်းလာချင်းတည်းက ကိုကိုးစိတ်ထဲမှာလုံးဝမေ့ပျောက်မထားနိုင်တဲ့အရာကို ပြောပါဆိုရင်သုံးရက်လောက်အောင့်မျက်သွားခဲ့တဲ့ မီးညှောင့်ရိုးနှင့် ကျောက်ပြားပေါ်က ရေကွက်ကြီးပဲ။

ခန္ဓာကိုယ်တစ်ပိုင်းစာသာသာမြင့်တဲ့ ခြံစည်းရိုးကြားတစ်ဖက်က တီရှပ်အဖြူနှင့်sweat pantခဲရောင်ကို ဝတ်ဆင်ထားတဲ့အမျိုးသားက ရေပိုက်ကိုင်ရင်း အပင်တွေကိုရေလောင်းနေတယ်။တစ်ချက်တစ်ချက် အဲဒီ​ရေပိုက်နှင့်ကိုကိုးတို့အိမ်ဘက်ကိုပါ ရေတွေလှမ်းလှမ်းဖြန်းပေးနေ​သေးတယ်။

သေချာတာပေါ့။အဲ့ဒါဘေးအိမ်ကကျေးဇူးရှင်ဆရာဝန်လူပျိုကြီးပဲ။

မြင်ကွင်းက ကြည့်လို့တော့ကောင်းပါရဲ့။လက်မောင်းကြွက်သားတွေနှင့်လက်ဖျံတစ်လျှောက်ကသွေးကြောစိမ်းတွေကြောင့် ကိုကိုးသာမိန်းကလေးတစ်ယောက်ဆို အဲ့ဒီဆရာဝန်လူကြီးရဲ့လူပျိုကြီးဂုဏ်ပုဒ်ကို ပပျောက်အောင်ကူညီပေးမိလောက်တယ်။ခက်တာက ကိုကိုးကလည်းယောက်ျားလေးတစ်ယောက်ဖြစ်နေပြီးတော့ အဲ့ဒီ့လူကြီးကလည်းအဖိုးကြီးတွေထက် ဇီဇာကြောင်နေသေးလေတော့ ခက်တယ်။ ဒီဇာတ်လမ်းကဆက်ဖို့ရာ မရှိတော့ဘူး။

တရုတ်ကတ်မှန်ကတစ်ဆင့်ချောင်းကြည့်နေမိတဲ့ကိုကိုးကချက်ချင်းလက်ငင်းသူခိုးဖမ်းမိသွားတဲ့လူလို အိမ်ရှေ့ပြေးထွက်ပြီးဘေးခြံဘက်ကို ဦးတည်ပြေးလာခဲ့တယ်။

အပင်ရေလောင်းနေတဲ့လူကြီးလူကောင်းနှင့် ခပ်နိမ့်နိမ့်ခြံစည်းရိုးတစ်ခုအကွာအဝေးလောက်မှာ ကိုကိုးခြေစုံရပ်လိုက်လေတော့ တစ်ဖက်လူဟာ သတိထားမိစွာကိုကိုးကိုငဲ့ကြည့်လေတယ်။

"အဟမ်း.....ရေတွေကိုဒီဖက်အိမ်ထဲပါဖြန်းနေတာလား"

လက်နှစ်ဖက်ကိုသေချာပိုက်၊မျက်နှာကိုခပ်မော့မော့အနေအထားကိုပြောင်း၊ခြေတစ်ဖက်ကိုရှေ့နည်းနည်းဆန့်ထုတ်လိုက်ပြီး အထာကျကျနှင့် မေးဆတ်ပြီးကိုကိုးမေးလိုက်တယ်။

ဒီလိုပုံစံနှင့်သာဆိုဒေါက်တာလူကြီးကတော့ သူ့ကိုရှိန်သွားတော့မှာပဲ အဟားဟားဟား။

Kōhī {Complete }Donde viven las historias. Descúbrelo ahora