|| 14 ||

17.3K 1.8K 196
                                        

Unicode☕️

စံရိပ်ငြိမ်အိမ်ကလူတွေဟာ တကယ်ကိုထူးဆန်းကြတယ်။ကိုကိုးအဲ့ဒီအိမ်ကို ရောက်သွားတော့ အိမ်ကြီးရှင်တွေရဲ့အရိပ်အယောင် တစ်စွန်းတစ်စကိုတောင် မတွေ့ရဘူး။ကိုကိုးက သူ့ကိုယ်သူဆရာတစ်ယောက်လို့တော့ မသတ်မှတ်ပေမယ့် ကလေးထိန်းဆိုရင်တောင် ကလေးအုပ်ထိန်းသူတွေနှင့်အရင်တွေ့သင့်တယ် မဟုတ်လား။အခုတော့ အလုပ်ကိုယ်စီလုပ်နေကြတဲ့ အလုပ်သမားတချို့နှင့်တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အိမ်အတွင်းပိုင်းရယ်ကလွဲပြီး အရေးပါတဲ့ကလေးအုပ်ထိန်းသူတွေကိုမတွေ့မိ။သူအနည်းငယ်တော့ စိတ်လှုပ်ရှားနေခဲ့တယ်။

အဲ့ဒီအစား အိမ်တော်ထိန်းဖြစ်ပုံရတဲ့ အသက်လေးဆယ်အရွယ်အမျိုးသားကြီးတစ်ယောက်က ကလေးမလေးရဲ့အခန်းကိုခေါ်သွားပေးတယ်။အဲ့ဒီကလေးမလေးရဲ့အခန်းက ကိုကိုးတို့အိမ်တစ်ဝက်စာနီးနီးရှိပြီးတော့ စံရိပ်ငြိမ်အိမ်ကြီးကလည်း အပြင်ပန်းကထက်တောင် ပိုသားနားသေးတယ်။ဒါပေမယ့်ဇာချဲ့ပြီး ခေတ်ရှေ့ပြေးခမ်းနားတာပဲရှိတာပါ။ ဒီအိမ်က ထည်ဝါမှုမရှိနေဘူး။ကိုကိုးကတော့ ဒေါက်တာ့ရဲ့ရှေးဟောင်းအိမ်ကြီးကိုသာ ပိုသဘောကျမိပါတယ်။

ဘက်လိုက်တာတော့ မဟုတ်ပါဘူးလေ။

အခန်းတံခါးဖွင့်လိုက်ပြီးနောက် အခန်းဝရှေ့ရပ်လိုက်ကြတဲ့ ကိုကိုးနှင့်အိမ်တော်ထိန်းဦးလေးကို စာရေးစားပွဲခုံမှာထိုင်ရင်း တစ်ခုခုကို ရေးခြစ်နေတဲ့​ကလေးမလေးက ခေါင်းလေးစောင်းပြီး လှည့်ကြည့်လာတယ်။

"မဒီလေး ဒါဟိုရက်ကပြောထားတဲ့ ပုံဆွဲဆရာလေးပါ"

အိမ်တော်ထိန်း ဦးလေးကကိုကိုးကိုအသိအမှတ်ပြုသလို ခေါင်းတစ်ချက်ဆတ်ပြရင်း ကလေးမလေးကိုပါတစ်ဆက်တည်းနှုတ်ဆက်ပြီးတဲ့နောက် ပြန်ထွက်သွားခဲ့ပါတယ်။ကိုကိုး ကလေးမလေးကို နှစ်လိုဖွယ်ပြုံးပြလိုက်တယ်။အခန်းထဲတော့ သူခြေမလှမ်းရသေးပါ။

"Nobitaမဟုတ်လား"

အသံသေးသေးလေး ထွက်လာတဲ့အချိန်မှာ ကိုကိုးခဏကြောင်အသွားပြီးမှ ကလေးမလေးကသူ့အင်္ကျီမှာကပ်ထားတဲ့စတစ်ကာအရုပ်ကို ပြောမှန်းသဘောပေါက်သွားတော့ အခန်းထဲကိုလှမ်းဝင်လိုက်တယ်။ ရင်းနှီးလိုတဲ့အရိပ်အယောင်လေးကို ဖမ်းမိတော့မှ ကိုကိုးလည်းသူငယ်ချင်းဖွဲ့ဖို့ ရှေ့ဆက်တိုးရတယ်။ ကိုကိုးကကလေးတွေရဲ့ စိတ်အခြေအနေကို သိပ်အလေးထားတတ်တယ်။

Kōhī {Complete }Where stories live. Discover now