|| 7 ||

17K 1.8K 106
                                    

Unicode☕️

ဒီနေ့ကDuty offရက်ဖြစ်ပေမယ့် လင်းဟန်သာမှာတွေ့ဆုံပွဲအသေးလေးရှိနေတယ်။လွန်ခဲ့တဲ့ရက်က ဆေးရုံအုပ်ကသူ့ကို အကူအညီတောင်းထားတယ်။cardiologyယူထားတဲ့​ ဆေးကျောင်းကကလေး​တွေထဲမှာအလားအလာအတော်ရှိတဲ့ အုပ်စုကheart diseases အမျိုးမျိုးအကြောင်းနှင့်လက်တွေ့ခွဲစိတ်အတွေ့အကြုံတွေကိုthesisလုပ်ဖို့ သူ့ဆီကနေအချက်အလက်တစ်ချို့ယူချင်ကြောင်း အကူအညီတောင်းခဲ့လို့ ဒီနေ့တော့ကျောင်းသားတွေ အိမ်လာဖို့ရှိနေတယ်။

ပုံမှန်ပိတ်ရက်တွေမှာ လင်းဟန်သာရဲ့ တစ်နေ့တာလုပ်ငန်းစဉ်က မနက်ငါးနာရီထပြီး ဘုရားဝတ်ပြုတာက​စတယ်။ အဲ့ဒီနောက် မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီး ခြောက်နာရီဆယ့်ငါးမှာ မနက်စာစားတယ်။ခြောက်နာရီလေးဆယ့်ငါးမှာ ခိုစာကျွေးပြီး ခုနှစ်နာရီမှာမနက်ခင်းသတင်းစာဖတ်ပါတယ်။ပြီးရင်​တော့ အိမ်ရဲ့ပြတင်းဘောင်တွေကို သူ့ရဲ့လက်ချောင်းရှည်ရှည်တို့နှင့် ပွတ်သုတ်ကြည့်သလို လက်ညှိုးမှာဖုန်မှုန့်ကပ်ပါလာခဲ့တဲ့နေ့များဆို အဲဒီနေ့တစ်နေ့လုံးက အိမ်သန့်ရှင်းရေးလုပ်ဖို့ဖြစ်သွားတော့တယ်။

ဒီနေ့ကလည်း လင်းဟန်သာရဲ့ပုံမှန်ဆန်တဲ့နေ့တွေထဲကတစ်နေ့ပဲ။ နှစ်ဖက်လှလှေကားကြီးရဲ့ ပွတ်လုံးလက်ရန်းတွေကို လက်နှင့်ပွတ်ကြည့်လိုက်တယ်။ပေါလစ်သုတ်ထားသလို ပြောင်လက်နေတဲ့လက်ရန်းတွေက  လင်းဟန်သာရဲ့လက်ချောင်းတွေဆီမှာ ဖုန်တစ်မှုန့်ကပ်​ငြိသွားအောင်တောင် မစွမ်းဆောင်နိုင်ပါ။ဒီတော့မှ လင်းဟန်သာရဲ့စိတ်အခြေအနေကလည်း ကောင်းမွန်သွားတယ်။ပုံမှန်ဆိုလည်း လင်းဟန်သာရဲ့အိမ်က အတော်လေးတောက်ပြောင်ရှင်းလက်နေပေမယ့် အိမ်ပိုင်ရှင်ဖြစ်သူက ပုံမှန်ထက်ပိုပြီး အသန့်ကြိုက်လွန်းသူဖြစ်နေတော့ အိမ်သန့်ရှင်းရေးကို သိပ်ဂရုစိုက်တယ်။အဲ့ဒီ့အပြင် လင်းဟန်သာက သန့်ရှင်းရေးအကူငှါးရသည်ကိုလည်း သဘောမတွေ့လှတာကြောင့် ကိစ္စအဝဝကို ကိုယ်တိုင်သာလုပ်သည်။

နေ့လည်ခင်းအချိန်ရောက်တော့ ဧည့်ခန်းကျယ်ကြီးအလယ်မှာ​ရှိတဲ့ မီးလင်းဖိုကြီးဘေးက တစ်ယောက်ထိုင် ဆင်စွယ်ရောင်ကတ္တီပါဆိုဖာဆက်တီကြီးပေါ်မှာ လင်းဟန်သာက သူ့ရဲ့ရှည်လျားတဲ့ခြေတံရှည်တွေကို တစ်ဖက်ပေါ်တစ်ဖက်တင်ရင်းဒူးချိတ်လျက် ထိုင်နေတယ်။ လက်ထဲမှာခပ်ထူထူ အင်္ဂလိပ်ဝတ္ထုစာအုပ်တစ်အုပ်ကိုကိုင်ဆောင်ထားတယ်။မျက်မှန်အောက်က ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းညို​တွေကဝတ္ထုအပေါ် အတော်လေးစိတ်ဝင်တစား နစ်မြုပ်နေကြတယ်ယ်။

Kōhī {Complete }Where stories live. Discover now