||28||

15.8K 1.6K 125
                                        

Unicode☕️

"ထည်ဝါကိုကို...အခန်းထဲကထွက်လာခဲ့ဦး"

အိပ်ခန်းတံခါးကိုခပ်ကြမ်းကြမ်းခေါက်လာလို့ ကျောင်းPresentationအတွက်အလုပ်လုပ်ရင်း စားပွဲကမထဖြစ်တဲ့ ကိုကိုးကစိတ်ရဲ့အလိုလိုသိစိတ်နှင့် ဆတ်ခနဲမတ်တပ်ရပ်မိသွားတယ်။ ကောင်းတဲ့ကိစ္စတော့မဟုတ်လောက်ဘူး။

သောကြာနေ့မှာကျောင်းတွင်းpresentationရှိလို့ ကိုကိုးကဒီနေ့ ကြာသပတေးနေ့ကို ကျောင်းတစ်ရက်ခွင့်ယူထားခဲ့တာ။ညီညီနှင့်အဖေတို့ကျောင်းသွား၊အလုပ်သွားပြီးတဲ့ အချိန်မှာတော့ အိမ်မှာကိုကိုးနှင့်အမေသာ ကျန်ခဲ့ပါတယ်။ကြည့်ရသလောက် မနက်စာစားနေခဲ့ကြတုန်းကလည်း အမေ့မျက်နှာကရွှင်လန်းမနေခဲ့။အဲဒါက ကိုကိုးရဲ့မသိစိတ်ကို တစ်ခုခုစိုးထိတ်စေပါတယ်။

"နင့်ဇာတ်လမ်းကိုအပြီးဖြတ်တော့"

ကိုကိုးဧည့်ခန်းထဲကို ခြေမချရသေးခင်အချိန်မှာတင် အမေကမာမာထန်ထန်တစ်ချက်လွှတ်အမိန့်ပေးသလိုပြောလာခဲ့တော့  ကိုကိုးရဲ့ဦးခေါင်းကမိုးကြိုးပစ်ချလိုက်သလို ဒိန်းခနဲဖြစ်သွားတယ်။ကိုကိုးမျက်လုံးတွေကစတင်ဂဏာမငြိမ် ဖြစ်လာခဲ့တယ်။လက်ဖဝါးမှာ ချွေးစေးတို့ပျံလာပြီး ဇောချွေးတို့ကခန္ဓာကိုယ်အနှံ့ တတိတိပျံ့လာခဲ့တယ်။ဧကန္တသူနှင့်ဒေါက်တာရဲ့အကြောင်းကို အမေသိသွားခဲ့တာများလားဆိုတဲ့ အတွေးကကိုကိုးကိုဖိစီးနှိပ်စက်လာပါတယ်။ ဒီအကြောင်းကို သင့်တော်တဲ့အချိန်မှာ ဖွင့်ပြောဖို့ကြံရွယ်ထားခဲ့ပေမယ့်လည်း အခုလိုရုတ်ချည်းအခြေအနေမှာတော့ မဟုတ်ဘူး။ ဖြည်းဖြည်းချင်းသာ ပြောချင်မိတဲ့ ဒီအကြောင်းအရာတွေအတွက် အချိန်လိုတယ်။  ကိုကိုးအတွက်ရော၊ အမေ့အတွက်ရော။ ကိုကိုးသူ့အမေအကြောင်းသူသိတယ်။ဒီလိုရုတ်တရက်ဆန်တဲ့အခြေအနေမှာ မဟုတ်ကြောင်းလည်း မငြင်းဆန်နိုင်။ကိုကိုးကလိမ်တဲ့​နေရာမှာ ကျွမ်းကျင်တဲ့ကောင်လေးမဟုတ်။

ဧည့်ခန်းထဲကို သူခြေမချရသေး။အဝင်ဝမှာပဲခပ်တောင့်တောင့်ရပ်နေမိတာက အမေ့အနားကိုတိုးသွားဖို့အတွက် သူ့ခြေထောက်တွေမှာအားတွေ ယုတ်လျော့လာခဲ့လို့ပါ။ဒါကြောင့်သူလည်ချောင်းထဲကခြောက်ကပ်ကပ်အသံနှင့် အားတင်းပြောလိုက်တယ်။

Kōhī {Complete }حيث تعيش القصص. اكتشف الآن