Unicode🦊
ထည်ဝါညီညီ့အတွက် ဘဝမှာဘာကို အမုန်းဆုံးလဲပြပါဆိုရင် သူများတကာကိုလိုက်ထိန်းချုပ်ချင်နေတဲ့ လူတွေကိုပါပဲ။အဲ့ဒီအထဲမှာ အခုတော့မြေခွေးက ထိပ်ဆုံးကဦးဆောင်နေပြီ။ထည်ဝါညီညီဟိုလိုမလုပ်ရဘူး။ထည်ဝါညီညီဒီလိုမလုပ်ရဘူး။ထည်ဝါညီညီ ဒီလိုနေ။ထည်ဝါညီညီ ဒီလိုထိုင်။ထည်ဝါညီညီ...ထည်ဝါညီညီနှင့်တစ်လမှာရက်သုံးဆယ်ရှိရင် နှစ်ဆယ့်ကိုးရက်ကလိုက်ထိန်းချင်နေတာ။အခုလည်း သူ့ကိုတင်မကဘူး။အစ်မကြီးနုဝါကိုပါ လိုက်ထိန်းချင်နေပြန်ပြီ။
အစ်မကြီးနုဝါကို လက်လွှတ်ခိုင်းတယ်။ယောက်ျားနှင့်မိန်းမ အနီးကပ်နေပြီးတော့ ဘယ်သူပြောဆိုတာခံချင်နေသလဲတဲ့။အံ့ပါရဲ့...သူဖြင့်အစ်မကြီးနုဝါကိုမိန်းကလေးလို့ မမြင်တော့တာ တော်တော်တောင်ကြာနေခဲ့ပြီ။ဒါတွေကို မြေခွေးကိုလျှောက်လဲချက်တင်လည်း နားလည်မှာမဟုတ်ဘူး။မြေခွေးဆိုတော့ တစ်ခါတစ်ခါလူစကားနားလည်ဖို့ နည်းနည်းခဲယဉ်းသွားတာ ညီညီနားလည်ပါတယ်။
ကစားကွင်းထဲမှာနပမ်းလုံးနေတဲ့ကလေးနှစ်ယောက်ကို လူကြီးတစ်ယောက်က ဝင်လာပြီးလူခွဲလိုက်သလိုမျိုး အစ်မကြီးနုဝါနှင့်သူလည်းလူကွဲသွားတယ်။သူဋ္ဌေးရဲ့လက်ထောက်က သူဋ္ဌေးအနားမှာဆင်ကော်နှင့်ကပ်ထားသလို ကပ်နေရမယ်ဆိုတာ ညီညီနားလည်ပါတယ်။ဒါပေမယ့်လို့ သူနှင့်မြေခွေးနှင့်ကျပြန်တော့လည်း ပြောင်းပြန်ဖြစ်နေပြန်တယ်။သူသွားတဲ့နောက်ကိုမြေခွေးကတစ်ချိန်လုံး လိုက်နေတော့တာ။ဘူဖေးမှာအစားသွားထည့်လည်း နောက်ကပါတယ်။အအေးသွားယူလည်း နောက်ကပါတယ်။သူ့နောက်ကနေဒီလို တစ်ချိန်လုံးလိုက်နေတော့ သူဋ္ဌေးကိုလာနှုတ်ဆက်ကြတဲ့ လူတွေကပါ သူဋ္ဌေးနောက်တကောက်ကောက်လိုက်ရင်း ညီညီ့အနောက်မှာရထားတန်းလိုကိုဖြစ်နေတော့တယ်။
ယုတ်စွအဆုံး သန့်စင်ခန်းသွားတဲ့အထိတောင် လိုက်လာတော့ ညီညီဘယ်လိုမှသည်းမခံနိုင်တော့ဘူး။
"ကျွန်တော့်ကိုခဏလောက် လွှတ်ထားမပေးတော့ဘူးလား"
အိမ်သာရှေ့မှာ ကူကယ်ရာမဲ့နေတဲ့ ညည်းစီစီအသံနှင့်မျက်နှာကိုရှုံ့တွပြီး ညီညီလှည့်ပြောလိုက်တယ်။ပွဲခန်းမထဲမှာလူရှုပ်သလောက် သန့်စင်ခန်းအနားမှာတော့ လူရှင်းပါတယ်။
ESTÁS LEYENDO
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.