(Unicode)
ဒုန်း...ဒုန်း...ဒုန်း...
ဝူ...ဝူ...ဝူ...
စည်တီးသံ ခရာသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ဝေါကနဲ့ ထိုးပျံသွားတဲ့ တောငှက်မျိုးစုံက အလန့်တကြား နိုင်လွန်းလှသည်။ လေအလျင်မှာလည်း အမှတ်တံဆိပ် မျိုးစုံနဲ့ အလံတို့က တဖျတ်ဖျတ် လှုပ်ခါနေသည်။
*တိုက်...
*နန်ဖန်းစစ်သည်တွေ...တက်...
*ကျား...
*ကျား...
*နောက်မဆုတ်ဘူးဟေ့...
ကျား...ချွမ်...ချွမ်...ချွမ်...
ေဩာ်...ဒီနေရာက တိုက်ပွဲတခုပါ.....
တဖက်နဲ့ တဖက် ပန်းနဲ့ ပေါက်နေကြတာ မဟုတ်ပဲ ဓားအစစ် မြားအစစ်တွေနဲ့ သူသေကိုယ်သေ အသတ်လုပြီး တိုက်ပွဲဝင် နေရတဲ့ သတ်ကွင်း မြေပြင်တခု.....
ဓားရောင် တလက်လက် မြားသံ တဝှီးဝှီး လှံရောင် တဝင်းဝင်းကြားမှာ သွေးသံ တရဲရဲနဲ့ ဒဏ်ရာ ရေနသူတွေ၊ အတုံးအရုန်း သေနေသူတွေရဲ့ အလောင်းကောင်တေွနဲ့ အနိဌာရုံ မြင်ကွင်းတို့ကို လှစ်ဟ ပြရာ နေရာ.....
*စစ်သူကြီး...ရန်သူတွေ အင်အားနည်းလာလို့...စ ပြီး နောက်ဆုတ်နေပါပြီ...နောက်က လိုက်ပြီး အပြတ်ရှင်းဖို့ ခွင့်ပြုပါ...
ဒေါက်ကောင်းကောင်း မြင်းဖြူပေါ်မှာ ခပ်အေးအေး မျက်နှာနဲ့ တိုက်ပွဲဆီ လှမ်းကြည့်နေတဲ့ စစ်သူကြီးက အနက်ရောင် ကို်ယ်ကြပ်ကို အနက်ရောင် ဝတ်ရုံရှည်နဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။
*မလိုဘူး...ဒီသတ်ကွင်း အလွန်မှာ စခန်းချဖို့သာ ပြင်ပါတပ်မှူး...သူတို့နောက်ကို မလိုက်ရင်...ရန်သူက သူ့ဘာသာ ပြန်လာပါလိမ့်မယ်...စစ်သည်တွေအတွက် မြန်မြန်လေး နားနိုင်အောင်သာ ပြင်ဆင်ခိုင်းပါ...
*ကောင်းပါပြီ စစ်သူကြီး...
စောဒက မတက်ပဲ လှည့်ထွက်သွားတဲ့ တပ်မှူးကို ကြည့်ပြီး စစ်သူကြီးက ကျေနပ်စွာ ပြုံးလိုက်သည်။
ဘယ်သူ ထင်မှာလဲ.....
စစ်သူကြီးတယောက်ရဲ့ အပြုံးက သက်ရှိ ပန်းချီကား တချပ်လို မြင်ရသူ ရင်ကို အေးမြသွားစေလိမ့်မယ်လို့.....
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed