Part 12 (U&Z)

3.7K 300 5
                                    

(Unicode)

*သေချာသလား...မိဖုရားကြီး အဆောင်ဆီ ထွက်သွားကြတယ် ဆိုတာ...

*သေချာပါတယ် မယ်မယ်ကြီး...

ဘုရင့် တံဆိပ်တော်အတွက် စောင့်ကြည့် ခိုင်းထားတဲ့ အပျိုတော်က ခေါင်းငြိမ့်ပြလိုက်သည်။ ညီလာခံ ဆင်းတော့လည်း ဝမ်ရိပေါ်က နန်းဆောင်ကို ခဏ ပြန်သွားပြီးမှ ယွန်းမုန့်ဗူးနဲ့အတူ မိဖုရားကြီး နန်းဆောင်ဆီ သွားကြောင်း ပြီးမှ စာကြည့်ဆောင်သို့ လက်ဗလာနဲ့ ဆက်သွားကြောင်း သတင်း ရပြန်လေသည်။

ဒါဆို...ယွန်းမုန့်ဗူးနဲ့ အတူ တံဆိပ်တော်ကို သယ်သွားခဲ့တာပေါ့...

*လာကြစမ်း...မိဖုရားကြီး အဆောင်ကို...အခု သွားပြီး တံဆိပ်တော်ကို ရှာခဲ့စမ်း...

*အမိန့်အတိုင်းပါ မယ်မယ်ကြီး...

ရှောင်းကျန့်...နင်တော့ သေပြီ မှတ်...

☄ ☄☄ ☄☄☄

ချန်စုယင်းက ရှောင်းကျန့်ကို ညစာ စားပွဲ ယဥ်ကျေးမှု အကြောင်း ပြောပြနေသည်။

*မင်းကြီးရဲ့ ဗယ်ဖက်မှာ...ရှောင်းလေးက ထိုင်ရမယ်...မင်းကြီးက အရက်ခွက်ကို မကိုင်မချင်း...ဘယ်သူမှ စပြီး အရက်ခွက်ကို မကိုင်ရဘူး...မသောက်ရဘူး...
တယောက် ယောက်အတွက် ဂုဏ်ပြုပွဲ ဆိုရင်လည်း...မင်းကြီးထက် အရင် အဲ့ဒိလူကို ဂုဏ်ပြု အရက် မကမ်းရဘူး...တကယ်လို့...

*စစ်သူကြီး ရှောင်းကျန့် ဒူးထောက်စမ်း...

ရုတ်တရက် လော့ချိုင်မယ်မယ်ကြီးရဲ့ အထိန်းတော်က မိဖုရားကြီး နန်းဆောင်အတွင်း ဝင်လာကာ အော်လိုက်သဖြင့် ချန်စုယင်းရော ရှောင်းကျန့်ပါ ေကြာင်သွားရသည်။

*ဘာကိစ္စ ရှိလို့လဲ အထိန်းတော်ကြီး...ဒါ မိဖုရားကြီး နန်းဆောင်ပါ...ဘယ်လို ရိုင်းစိုင်းတဲ့ အပြုအမူကို လာလုပ်နေတာလဲ...

ချန်စုယင်းက ရှောင်းကျန့်ကို သူမ နောက်ဘက်ဆီ ဆွဲခေါ်ရင်း အထိန်းတော်ကြီးကို ပြောလိုက်သည်။

*မိဖုရားကြီး...ဘေးဖယ်နေပါ...ဒီကိစ္စထဲ ဝင်ပါရင် မယ်မယ်ကြီး အမျက်တော် ရှလိမ့်မယ်...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now