(Unicode)
ရှန်းရှန်ကို တွဲကူရင်း အတွေးများနဲ့ လျှောက်လာတဲ့ ဝမ်ရိပေါ်က ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်မိ။ ရှန်းရှန် လက်ညိုးထိုးပြနေတဲ့ ယုန်တွေကိုလည်း စိတ်မဝင်စား။ သူ စိတ်လောနေတာက ရှောင်းကျန့် နောက်ကို အမှီလိုက်ဖို့ပင်။ သို့သော်လည်း ရှန်းရှန်ကြောင့် ခရီးက မတွင်ပြန်။
*ဟားးး...
သက်ပြင်းမောကို ချရင်း ဝမ်ရိပေါ်က ခြေလှမ်းဆက်ရန် ပြင်လိုက်သည်။
*မင်းကြီး...ခဏလောက် နားရအောင်လေ...ရှန်းရှန် မောနေပြီ...
စိတ်ထဲမှာ မနားချင်ပေမယ့်လည်း လဲထားတဲ့ ရှန်းရှန်အတွက် ကြည့်ရအုံးမည်မို့ ဝမ်ရိပေါ်က ခြေလှမ်းရပ်လိုက်သည်။
*အင်း...နားလေ...
ဝှစ်...
ဝှစ်...
ဝှစ်...လေတိုးသံကြောင့် ဝမ်ရိပေါ်က ဓားကို အသင့်ပြင်လိုက်သည်။ ရုတ်တရက် သစ်ပင်များနောက်မှ မျက်နှာဖုံးတပ် လူ ငါးယောက် ထွက်ပေါ်လာသည်။
*ဘယ်သူတွေလဲ...ဘာလုပ်တာလဲ...ဘာသဘောလဲ...
ဝမ်ရိပေါ်က ရှန်းရှန်ကို ကာရင်း မေးလိုက်သည်။
*တော်တော် စကားများတာပဲ...
ခေါင်းဆောင် ဖြစ်ဟန် တူသူက ပြောလိုက်သည်။
*မင်းကြီးကို မထိနဲ့...
ရုတ်တရက် မိမိ ရှေ့မှာ ကာရပ်လိုက်တဲ့ ရှန်းရှန်ကြောင့် ဝမ်ရိပေါ် စိတ်ရှုပ်သွားသည်။
*ရှန်းရှန်...ဘေးဖယ်နေ...
*ဟင့်အင်း...ဟင့်အင်း...မင်းကြီးကို မထိနဲ့...
သို့သော်လည်း ထိုးခုတ်တဲ့ လာတဲ့ ဓားတွေကို မြင်တာနဲ့ ရှန်းရှန်က ဝမ်ရိပေါ် နောက်ကို ဝင်ပြေးတော့သည်။
*ယား...
*အား...မင်းကြီးကို မလုပ်နဲ့...မလုပ်ပါနဲ့...တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...
ဝမ်ရိပေါ်ရဲ့ ဝတ်ရုံစကို ဆွဲပြီး ရှန်းရှန်က လှည့်ပတ်ကာအော်ဟစ် နေတော့သည်။ ဝမ်ရိပေါ်ကတော့ ဝင်လာသမျှ ဓားသမားတို့ကို ကြံ့ကြံ့ခံကာ ခုခံနေသည်။ သို့သော်လည်း သွေးရူးသွေးတန်း အော်နေတဲ့ ရှန်းရှန်ကို လိုက်ဆွဲကာ ကာကွယ် နေရသဖြင့် တိုက်ကွက်မပေါ်ပဲ ခုခံသည် ဆိုရုံမျှသာ ရှိလေသည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed