Part 24 (U&Z)

3.4K 272 14
                                    

(Unicode)

ရှန်းရှန် စိတ်ညစ် သွားရသည်။ မင်းကြီး ညီလာခံ အဆင်းနဲ့ အချိန်ကိုက် ငိုယိုကာ ပြန်ခဲ့ပေမယ့် မင်းကြီးက မိမိ်နောက်ကို လိုက်မလာခဲ့။ အရင်ကဆို မိမိ ငိုပြလိုက်တာနဲ့ နောက်က အပြေးပါလာတတ်တဲ့ မင်းကြီးက အခုတော့ အရိပ်အယောင်ပင် မမြင်ရ။ အဆောင်ပေါက်ဝကို နားစွင့်ရင်း ရှန်းရှန် စိတ်ညစ်သွားသည်။

ဟင်းးး...တကယ်ပဲ...မင်းကြီးက ရှောင်းကျန့်ဘက်ကို စိတ်ယိုင်နေပြီပဲ...ငါ ဘယ်လို လုပ်ရမလဲ...

အခု အခြေအနေမှာ လော့ချိုင်မယ်မယ်ကြီးကလည်း သူမကို ကူညီနိုင်မည် မဟုတ်ပေ။

အာ...မိဖုရားကြီး ရှိနေတာပဲ...မိဖုရားကြီး ဆိုရင်တော့ အဆင်ပြေလိမ့်မယ် ထင်တယ်...ဟုတ်တယ်...

အတွေးနဲ့အတူ မိဖုရားကြီး ချန်စုယင်း၏ နန်းဆောင်ဘက်ဆီကို ရှန်းရှန် ထွက်ခဲ့တော့သည်။

☄ ☄☄ ☄☄☄

မိဖုရားကြီး ချန်စုယင်းကလည်း နန်းဆောင် အပြင် ထွက်လာသည်မို့ လမ်းခုလတ်တွင်ပင် ရှန်းရှန်နဲ့ ဆုံမိလေသည်။

*မယ်တော့်ကို ဂါရဝပြု ပါတယ်...မယ်တော် ဘယ်သွားမလို့ ထွက်လာတာလဲ...

*ချင်းချူဟွားဆီကို သွားမလို့လေ...ကြင်ယာတော် ရှန်းရှန်ကရော ဘယ်ကို လာတာလဲ...

မိမိ နှုတ်ဆက်သည်ကို မိဖုရားကြီး တုံ့ပြန်ပုံက ထူးဆန်းနေသဖြင့် ရှန်းရှန်က အံ့အားသင့် သွားလေသည်။

*မယ်တော့်ဆီကိုပါပဲ...ဒါပေမယ့် မယ်တော်က ဘာလို့...ကြင်ယာတော်လို့ ခေါ်...

*အဟင်း...အခုက စပြီး ရင်းနှီးတယ် ဆိုပေမယ့်...အဆင့်အတိုင်း ခေါ်တာက...ပိုကောင်းမယ် ထင်လို့ပါ ကြင်ယာတော်ရှန်းရှန်...
ပြောပါအုံး...ဘာကိစ္စရှိလို့များ...မယ်တော့် နန်းဆောင်ကိုလာရတာလဲ...

မိဖုရားကြီး ချန်စုယင်း စကားကြောင့် ရှန်းရှန် မျက်နှာ ကွက်ကနဲ့ ပျက်သွားရသည်။ ပုံမှန်ဆို သူမက မိဖုရားကြီးဆီထက် လော့ချိုင်မယ်မယ်ကြီးထံသာ သွားတတ်သူ မဟုတ်လား။ သူမထက်စာလျှင် ရှောင်းကျန့်ကမှ နန်းတော်ထဲ ရှိနေရင် တရက် တခါ နှစ်ရက် တခါ ဆိုသလို မိဖုရားကြီးဆီ ရောက်တတ်သေးသည်လေ။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now