(Unicode)
*မင်းကြီး...
စာကြည့်ဆောင်ထဲ အစီရင်ခံစာ ဖတ်နေတဲ့ ဝမ်ရိပေါ်က အသံလာရာဆီ လှမ်းကြည့်သည်။ ရှောင်းကျန့်က ထိုက်ယန်ဝမ် နန်းဆောင်ထဲမှာပဲ မနေချင်ဘူး ဆိုတာကြောင့် စာကြည့်ဆောင်ဆီ သူတို့ ထွက်လာခဲ့ကြတာ မဟုတ်လား။
*ဘာပြောမလို့လဲ ချင်းချူ...
*ဟိုလေ...
*အင်း...နေကောင်းပြီ ဆိုတော့...ဘာတွေ မွှေချင် ပြန်ပြီလဲ...
*မင်းကလည်းကွာ...
*လာခဲ့...ဒီနားကို လာပြီးတော့ ပြော...
မရဲတရဲ လှမ်းလာနေတဲ့ ရှောင်းကျန့် ပုံစံကို ကြည့်ပြီး ဝမ်ရိပေါ်က ပြောလိုက်သည်။ ရှောင်းကျန့်က ဝမ်ရိပေါ် အနားမှာ လာရပ်ကာ နှုတ်ခမ်းလေး ကိုက်ရင်း ပြန်ကြည့်နေသည်။
*ပြောလေ...
*ဟို...တပ်ခွဲမှူး ကျီကျန်...ရှဲ့နမ်က ပြန်ရောက်ေနပြီတဲ့...အဲ့...ဒါ...
*တပ်ရွာကို သွားအုံး မလို့လား...
ဝမ်ရိပေါ်က ခပ်တည်တည် ကြည့်ကာ မေးလိုက်သည်။
*အင်း...ဒါပေမယ့် တပ်ထဲအထိ မသွားပါဘူး...ဈေးနားက ကုန်စုံဆိုင်အထိပဲ သွားမှာပါ...
မိမိ ပြောချင်တာကို မေးသဖြင့် ရှောင်းကျန့်က ဝမ်းသာအားရနဲ့ ဝမ်ရိပေါ် နံဘေးမှာ ဝင်ထိုင်ရင်း ဖြေလိုက်သည်။ ဝမ်ရိပေါ်က စောင်းငဲ့ကာ ကြည့်လိုက်သည်။
*ငါ မြို့ပြင်အထိ မထွက်ဘူးလေ...ပြီးတော့ ချက်ချင်း ပြန်လာခဲ့မယ်...ညလည်း မအိပ်ဘူး...တကယ်...
မင်း မလိုက်ချင်ရင် ကျို့လီနဲ့ ဟုံးလင်ကို ခေါ်သွားလိုက်မယ်...အာ...အာ...ကျင်းကိုယ်ရံတော်ရောပဲလေ...နော်...ရိပေါ်...မိမိ ဘာပြောပြော ခပ်တည်တည် ကြည့်နေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မနေတတ်တော့။ ထို့ကြောင့် နေရာမှ ထရန် ပြင်လိုက်သည်။
*ဒါက ဘယ်သွားမလို့လဲ...
ဒုန်း...
*အ...အာ...ဘာလုပ်တာလဲ...နာလိုက်တာ...
ရုတ်တရက် လှမ်းဆွဲတာ ခံလိုက်ရတာကြောင့် ရှောင်းကျန့်က စားပွဲခုံနဲ့ တိုက်မိကာ ဝမ်ရိပေါ် ပေါင်ပေါ် ထိုင်မိသွားသည်။ စားပွဲနဲ့ တိုက်မိတဲ့ ဒူးခေါင်းကို ပွတ်ရင်း ဝမ်ရိပေါ်ကို ရှောင်းကျန့်က ဘုကြည့် ကြည့်လိုက်သည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed