(Unicode)
*တောက်...
ရာရာစစ...ဒင်းလို ဘာမဟုတ်တဲ့ကောင်က...ညီလာခံမှာ ဝင်ပါပြီး...ငါ့ကို အရှက်ခွဲတယ်ပေါ့...ဟိုအကောင် လော့ရှင်းမူကလည်း...သောက်သုံးကို မကျဘူး...ဒင်းကြောင့် ဟိုမလောက်လေး မလောက်စားကောင်က...ငါ့ကို မူးမတ်တွေ ရှေ့မှာ အရှက် ခွဲရဲတာပေါ့...
ငါ့အကြောင်း သိစေရမယ် ရှောင်းကျန့်...လော့ချိုင်မယ်မယ်ကြီး တယောက် ညီလာခံဆောင်မှ ပြန်လာပြီး မိမိ နန်းဆောင် အတွင်းမှာ ဒေါသူပုန် ထနေလေသည်။ မနေ့ကတည်းက ပြည်ထဲရေးအမတ်က သတင်း ပေးခဲ့သည်။ ထို့ကြောင့် သူမရဲ့ အာဏာ မြဲစေဖို့ ချမှတ်ထားတဲ့ အစဥ်အဆက် ရာထူး ဆက်ခံရေး မူဝါဒကို ထိန်းသိမ်းရန် ညီလာခံဆောင်ကို လိုက်သွားခဲ့သည်။
ပုံမှန်ဆိုရင် မြေးတော်က သူမကို မြင်တာနဲ့ အထွန့်မတက်ရဲ။ ခေါင်းငြိမ့်လိုက် ရုံသာ။ အခုတော့ ရှောင်းကျန့်ရဲ့ ချက်ကျ လက်ကျ ပြောဆိုမှုကြောင့် တခြား မူးမတ်တွေပင်တုတ်တုတ်မျှ မလှုပ်ရဲတော့။ မြေးတော်ရဲ့ နှုတ်မှ ရာထူး ရပ်နားစေဆိုတဲ့ အမိန့် ထွက်လာမှာ ကိုပင် ကြောက်ရွံ့နေကြပုံ။
*သွားစမ်း...မနက်ဖြန် မနက်...အနောက် နန်းမဆောင်ရဲ့ အစည်းအဝေး ရှိတယ်...မိဖုရားကြီးက စပြီး အောက်ခြေသိမ်း အပျိုတော် အဆုံး...အကုန် လာခဲ့ရမယ်လို့ အမိန့် ပြန်လိုက်စမ်း...
*ကောင်းပါပြီ မယ်မယ်ကြီး...
လော့ချိုင်မယ်မယ်ကြီးက အထိန်းတော်ကို ပြောလိုက်သည်။ အထိန်းတော်က အပျိုတော် တယောက်ကို သတင်းပို့ရန် စေလွှတ်လိုက်လေသည်။
*မယ်မယ်ကြီး...မနက်ဖြန်မနက် အစည်းအဝေး ခေါ်တာ... ရှောင်းကျန့်ကြောင့်လား...
*အင်း...
အထိန်းတော်ချုပ် အမေးကို လော့ချိုင်မယ်မယ်ကြီးက ခေါင်းငြိမ့် ပြလိုက်သည်။
*ဒါဆို မယ်မယ်ကြီး သေသေချာချာ...စီစဥ်ထားမှ ဖြစ်ပါမယ်...ရှောင်းကျန့်က ဉာဏ်များတယ်...လက်ရှိ ကြုံတွေ့ရတဲ့ အခြေအနေကို...ကြည့်ပြီးေတာ့လည်း ပြောင်းလဲတတ်တယ်...အထူးသဖြင့်တော့ ချောင်ပိတ် ဖမ်းတတ်တယ်...ဒါကြောင့် သတိ အကြီးကြီးထားမှ ဖြစ်ပါလိမ့်မယ်...မယ်မယ်ကြီး...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed