(Unicode)
*လင်းတပ်မှူး...ဘယ်လိုလဲ...အဆင်ပြေရဲ့လား...
ရှောင်းကျန့် တယောက် ဝမ်ရိပေါ် မသိအောင် နန်ဖန်းတပ်ရွာဆီ ထွက်လာခဲ့ခြင်း ဖြစ်သည်။
*ပြေပါတယ် စစ်သူကြီး...အခုပဲ ပြင်ဆင် ပြီးပါပြီ...
*ကြည့်ရအောင်...
ရှောင်းကျန့် ရှေ့ကို ဂျင်ဆင်းဗူးများ ရောက်လာခဲ့သည်။
*ကျွန်တော်တို့ တပ်သားတွေကို...အထမ်းသမားတွေ အနေနဲ့ ထည့်ထားပါတယ် စစ်သူကြီး...
*ကောင်းပြီ...ပိပိရိရိ လဲနိုင်ဖို့ လုပ်ထား...
*စိတ်ချပါ စစ်သူကြီး...ဒါနဲ့ ဒီတခါ လာတာ တယောက်ထဲလား...မင်းကြီး မပါဘူးလား...
စစ်သူကြီး နောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေတဲ့ မင်းကြီးကို မမြင်သဖြင့် လင်းတပ်မှူးက မေးလိုက်သည်။
*ရန်ဖြစ်ထားတယ်လေ...အဟင်း...
ရှောင်းကျန့်က အီလည်လည်မျက်နှာနဲ့ ပြန်ဖြေလိုက်သည်။ လင်းတပ်မှူးက မယုံကြည်နိုင်သလို ကြည့်လေသည်။
*မင်းကြီးနဲ့ ရန်ဖြစ်တယ်...
*အင်း...အဲ့လို ဖြစ်သွားတယ်...
*စစ်သူကြီးက ပြဿနာ ရှာတာ မဟုတ်လား...မင်းကြီး သနားပါတယ်...
လင်းတပ်မှူး စကားကြောင့်ရှောင်းကျန့် က မျက်လုံးကာ ပြူးကြည့်လိုက်သည်။
*ဟင်...သူက ကြင်ယာတော်နဲ့ အိပ်ဆောင် ဝင်ချင်နေတာလေ...အဲ့ဒါနဲ့...
*အင်း...ဒါတော့ မင်းကြီး မတရားဘူး...စစ်သူကြီးနဲ့ ကျတော့...
*တော်...တော်လိုက်တော့...ငါ့ကိုတော့ ပြဿနာ မရှာပါနဲ့ လင်းတပ်မှူးရယ်...အခု ကိစ္စကိုသာ အဆင်ပြေအောင် လုပ်ပါ...မဟုတ်ရင် နိုင်ငံငယ်လေးတွေ အရင် ဒုက္ခ ရောက်လိမ့်မယ်...
*စိတ်ချပါ စစ်သူကြီး...
ဒါနဲ့ စစ်သူကြီး နန်းတော်ကို ပြန်အုံးမှာလား...ဒီမှာ ညအိပ်မှာလား...မင်းကြီး စိတ်ပူနေအုံးမယ်...*ညအိပ်မှာ...အဲ့မျက်နှာကို မကြည့်ချင်လို့...
ဒါနဲ့ စူးချန် ရောက်နေတယ်...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed