(Unicode)
*ရိပေါ်...ထတော့လေ...ညီလာခံ တက်ရအုံးမယ် မဟုတ်လား...
ရှောင်းကျန့်က မိမိ နံဘေးကို လက်နဲ့ စမ်းရင်း ပြောလိုက်သည်။
ဟင်...ဘာလဲဟ...ညီလာခံ သွားပြီလား...ငါ့တောင် နှိုးမသွားဘူး...ကောင်စုတ်လေး...
အလိုမကျမှုနဲ့အတူ ရှောင်းကျန့် အိပ်ရာမှ ထ ထိုင်လိုက်သည်။
အာ...ငါက နန်ဖန်းမှာပဲ...
ဟင်းးး...ငါ မရှိဘဲ...မင်း အဆင်ပြေရဲ့လား ရိပေါ်...ဒါပေမယ့် ငါ့ကို အားကိုးပြီးလည်း မနေစေချင်ဘူး...ရှောင်းကျန့် တွေးရင်း ငိုင်နေမိသည်။
*မြေးလေး...နိုးပြီလား...
*ဟုတ်...ဘွားဘွား...
အခန်းတွင်း ဝင်လာတဲ့ ဘွားအေကြောင့် ရှောင်းကျန့် အတွေးစတို့ ရပ်သွားရသည်။
*မင်းကြီး ရောက်နေမယ်...တော်တော် ကြာနေပြီ...မြေးကို နှိုးပေးမယ် ဆိုတော့လည်း အနှိုး မ ခံဘူး...နန်းတော်မှာ မနက်ခင်းစာ စားဖို့ လာခေါ်တာတဲ့...
*အာ...
ရှောင်းကျန့် စိတ်ရှုပ်သွားရသည်။ ဒါကြောင့် သူ နန်ဖန်းမှာ မနေချင်တာ။ အဘိုးနဲ့ အဘွား ရှိနေလို့သာ။
*ထ...မြေး...နောက်မှ ပြန်အိပ်...
*ကျွန်တော် နန်းတော်မှာ...သွား မစားချင်ဘူး ဘွားဘွား...
ဘွားဘွားက နားလည်စွာ ပြုံးရင်း ရှောင်းကျန့်ကို ဖက်လိုက်သည်။
*ဒီတရက်ပါပဲ မြေးရယ်...နောက်ရက်ကျရင် ဘိုးဘိုးကလည်း ခွင့်ပြုမှာမဟုတ်ပါဘူး...ဘွားဘွားကလည်း မြေးလေးကို အိမ်တော်မှာပဲ စားစေချင်တာပါ...ဒီတရက်ပဲပေါ့...မင်းကြီးဝမ်ရိပေါ် ပါလာရင်တော့လည်း ကောင်းသားကွယ်...
ကဲပါ...မအားတဲ့သူကို မမျှော်ကောင်းပါဘူး...ထတော့ မြေး...မင်းကြီး စောင့်နေတာ ကြာနေပြီ...အားနာစရာ...ဘွားအေကို စိတ်မညစ်စေချင်တာကြောင့် စိတ်မပါပေမယ့် ရှောင်းကျန့် အိပ်ရာမှ ထကာ ပြင်ဆင် လိုက်ရတော့သည်။
☄ ☄☄ ☄☄☄
များပြားလှတဲ့ စားသောက်ဖွယ်ရာတွေက စားပွဲနဲ့ အပြည့်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed