Part 28 (U&Z)

3.2K 261 8
                                    

(Unicode)

*ရပ်စမ်း...ဘာကိစ္စ ဆူညံနေတာလဲ...

ဟိန်းထွက်လာတဲ့ စကားသံနဲ့အတူ အပေါက်ဝမှာ ပေါ်ထွက်လာတဲ့ လူရိပ်ကြောင့် အားလုံး လှည့်ကြည့် လိုက်ကြသည်။

*မင်း...မင်းကြီး...မင်းကြီး...

ယဲ့ကုန်းကုန်းရဲ့ ငိုသံကြီးနဲ့ ဝမ်းသာအားရ ခေါ်လိုက်သံနောက်မှာ အပျိုတော်များ၏ ရောယောင်ကာ ငိုလိုက်သံကပါ ထွက်ပေါ်လာတော့သည်။ လော့ချိုင်မယ်မယ်ကြီးနဲ့ ရှန်းရှန်မှာသာ အံ့ဩတကြီးနဲ့ ငြိမ်လျက် ရှိနေလေသည်။

*မင်း...ကြီး...

ရှန်းရှန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။ ဘွားအေကိုပင် ဂရုမစိုက် အော်လိုက်သံကြောင့် လော့ချိုင်မယ်မယ်ကြီးမှာတော့ ဆွံ့အ နေလေသည်။

*မေးနေတယ်လေ...ဘာကိစ္စ ဆူညံနေတာလဲ...

*မယ်...မယ်မယ်ကြီးက...မင်းကြီးနဲ့ တွေ့ဖို့ ဝင်ခွင့် တောင်းနေလို့ပါ...

ဝမ်ရိပေါ် စကားအဆုံး ယဲ့ကုန်းကုန်းက ခပ်မြန်မြန်ပင် ဖြေလိုက်သည်။ လော့ချိုင်မယ်မယ်ကြီးနဲ့ ကြင်ယာတော်ရှန်းရှန်ရဲ့ မနှစ်မြို့သလို အကြည့်က ယဲ့ကုန်းကုန်းဆီ ကျရောက်လာတော့သည်။

*ဟင်း...ညက ချင်းချူ နေမကောင်းလို့...ကိုယ်တော် တညလုံး မအိပ်ရဘူး...ခုနလေးကမှ အိပ်ပျော်သွားတာ...ဒါကြောင့် ဘယ်သူနဲ့မှ မတွေ့ချင်ဘူးလို့ မှာထားတာ...
မယ်မယ်ကြီးက ဘာအတွက်...အရေးတကြီး တွေ့ချင်ရတာလဲ...

မြေးတော်ရဲ့ စိတ်မကြည်ပုံကို ကြည့်ပြီး လော့ချိုင်မယ်မယ်ကြီး ခေါင်းထဲမှာ အလျင်အမြန် အကြောင်းရှာရတော့သည်။

*အေး...အဲ့ကိစ္စပဲ မြေးတော်...ချင်းချူဟွား နေမကောင်းဘူးလို့ ကြားလို့ ...မယ်မယ်ကြီးတို့ အခြေအနေ လာကြည့်တာ...

*​ေဩာ်...မယ်မယ်ကြီးက ဘယ်တုန်းကများ...ချင်းချူအတွက် စိတ်ပူသွားရတာလဲ...ထားပါတော့...လာပါ အထဲ ဝင်ကြည့်လေ...
ယဲ့ကုန်းကုန်း...သမားတော် ခေါ်လာခဲ့...အခု ချက်ချင်း...

ဘွားအေဖြစ်သူကို ပြောရင်း ယဲ့ကုန်းကုန်းကိုပါ ဝမ်ရိပေါ်က ပြောလိုက်သည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now