Part 42 (U&Z)

3.3K 265 13
                                    

(Unicode)

*ချင်းချူ...ချင်းချူ...
ကျေးဇူးပြုပြီး...သတိရပါနော်...ကျန့်ကော...မဟုတ်ဘူးလေ...

ရှောင်းကျန့်ကို ပွေ့ပိုက်ကာ ဝမ်ရိပေါ် က သတိလက်လွတ် ခေါ်နေမိသည်။ သမားတော် ရောက်လာမှ ဝမ်ရိပေါ်က ရှောင်းကျန့်ကို လွှတ်ပေးလိုက်သည်။

*မင်းကြီး...မယ်မယ်ကြီးက အခေါ် လွှတ်လိုက်ပါတယ်...

*ဘာကိစ္စလဲ...

*ကြင်ယာတော်အတွက် တရားခံ ဖော်ထုတ်ပေးဖို့လို့ ပြောပါတယ်...

*ဟာ...
.
.
.
ဟင်း...
ယဲ့ကုန်းကုန်း...ချင်းချူကို ကြည့်ထားပေး...သတိရရင် ကိုယ်တော့်ကို လာခေါ်...

*ကောင်းပါပြီ မင်းကြီး...

*ကျင်းကိုယ်ရံတော်...သွားမယ်...

*ကောင်းပါပြီ မင်းကြီး...

စိတ်ပေါက်ပေါက်နဲ့ ငြင်းဆန်ရန် ကြံလိုက်ပြီးမှ ရှောင်းကျန့်အတွက် ခုခံရန် ဆုံးဖြတ်ပြီး ဝမ်ရိပေါ်က ထွက်ခဲ့လေသည်။

ခင်ဗျားကို...ကျွန်တော် ရအောင် ကာကွယ်မှာ ကျန့်ကော...ခင်ဗျားကို ဘယ်သူမှ ဒုက္ခ မပေးစေရဘူး...

☄ ☄☄ ☄☄☄

*ဒီကိစ္စကို...ဘယ်လို ရှင်းမလဲ မြေးတော်...

ရှန်းရှန် နန်းဆောင်မှ အိပ်ဆောင်ဆီ ဝင်လိုက်တာနဲ့ လော့ချိုင်မယ်မယ်ကြီးက ဝမ်ရိပေါ်ကို ပြောလိုက်သည်။

*မယ်မယ်ကြီး...ဘာပြောချင်တာလဲ...

*ကြင်ယာတော်က...ချင်းချူဟွား တိုက်တဲ့ ခွင့်ပြုအရက်ကို သောက်ပြီး...ဖြစ်သွားတာလေ...

*အဲ့တော့...

*ကြင်ယာတော်ကို...ချင်းချူဟွားက အဆိပ်ခပ်တာပေါ့...

လော့ချိုင်မယ်မယ်ကြီးက လေသံမာမာနဲ့ ပြောလိုက်သည်။

*သက်သေ ရှိလို့လား...

ဝမ်ရိပေါ်က အနားမှာ ရပ်နေတဲ့ သမားတော်ကို ကြည့်လိုက်သည်။ လော့ချိုင်မယ်မယ်ကြီး နန်းဆောင်က သမားတော်လေ။

*ကောင်းပြီ... ကျင်းကို်ယ်ရံတော်...သမားတော်ချုပ်ကို အခု ခေါ်လာခဲ့...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now