(Unicode)
*စာချုပ်ရပါပြီ မယ်မယ်ကြီး...သူတို့ဘက်က အချက် နှစ်ချက် ထပ်တိုး လိုက်ပါတယ်...
ကုန်သွယ်ရေး အမတ်က လော့ချိုင်မယ်မယ်ကြီးကို လျှောက်တင်လိုက်သည်။
*ဘာများလဲ အမတ်ကြီး...
*အချိန် အပိုင်းအခြား တခုရယ်...အဲ့အချိန်အတွင်းမှာ သူတို့ ပြောတဲ့ အရေအတွက် မပြည့်မီရင်...လျှော်ကြေး ပြန်ပေးရမယ် ဆိုတာတွေပါ...မယ်မယ်ကြီး...
*လျှော်ကြေး...
ကုန်သွယ်ရေးအမတ်ရဲ့ စကားကြောင့် လော့ချိုင်မယ်မယ်ကြီးက အနည်းငယ် တွေဝေသွားရသည်။
*ဟုတ်ပါတယ် မယ်မယ်ကြီး...
*အရင်က ဒါမျိုး မတွေ့ဘူးပါလား...ဒါနဲ့ လျှော်ကြေးက ဘယ်လောက်လို့ သတ်မှတ်လိုက်သလဲ...
*တင်ပို့မယ့် တန်ဖိုးရဲ့ ၂ ဆပါ...မယ်မယ်ကြီး...
*အင်းးး...မောင်မင်းတို့ လုံလောက်အောင် စုဆောင်းနိုင်ခဲ့ရဲ့လား...
*စုဆောင်း ပြီးပါပြီ မယ်မယ်ကြီး...
*စျေးကရော...
*ဂျင်ဆင်း တခုကို ငွေ ၁၀ စ နဲ့ အခု ၅၀၀၀ ပါ မယ်မယ်ကြီး...
*ကောင်းပြီ...သဘောတူလိုက်...
လော့ချိုင်မယ်မယ်ကြီး က သဘောတူလိုက်သည်။
*မယ်မယ်ကြီး...ဒါက မနက်ဖြန်မှာ တင်ပြမယ့် သဘောတူ စာချုပ်ပါ...ဒီတခုက တကယ် တင်ပို့မယ့် စာချုပ်ပါ...
မယ်မယ်ကြီး...ဒီတခုမှာ တံဆိပ် ဘယ်လို နှိပ်ရမလဲ...ကုန်သွယ်ရေးအမတ်က တကယ် တင်ပို့မယ့် စာချုပ်ကို ပြပြီး မေးလိုက်သည်။
*စိတ်မပူနဲ့...ငါ ဆီထားခဲ့...ငါ ယူပြီး နှိပ်ပေးမယ်...
*ကောင်းပါပြီ မယ်မယ်ကြီး...
ကုန်သွယ်ရေး အမတ်က အရိုအသေပေးကာ လော့ချိုင်မယ်မယ်ကြီး နန်းဆောင်မှ ပြန်ထွက်သွားလေသည်။ လော့ချိုင်မယ်မယ်ကြီးက ကျေနပ်စွာ ပြုံးလိုက်သည်။
ဒါက သူမ စီစဥ်ထားတဲ့ အရာ မဟုတ်ပါလား။ နိုင်ငံငယ်တွေကို သိမ်းယူဖို့ နောက်ထပ် ခြေလှမ်း တခုလေ။ ထင်ထင်မြင်မြင် စစ်တိုက်ပြီး နယ်ပယ်ချဲ့ထွင်မယ် ပြောရင် တခြားနိုင်ငံတွေက သတိထားမိ နေမှာပေါ့။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed