(Unicode)
၆ လ .....
ရှောင်းကျန့် နန်ဖန်းမှာ ပြန်ရောက်နေတာပဲ ၆လ ရှိနေပြီ။ အခုထိ ဝမ်ရိပေါ်က ပေါ်မလာသေး။ ကြာတော့လည်း ရှောင်းကျန့် စိတ်ပျက်လာသည်။
လော့ချိုင်မယ်မယ်ကြီးကိုမှ ရင်ဆိုင်နိုင်ရဲ့လား။ ရှန်းရှန်နဲ့ပဲ ပျော်နေပြီလား။ အတွေးတွေနဲ့ ပူလောင်နေတတ်ပြီ။
ကြာတော့လဲ.....
ဘာလို့လဲ ဆိုတဲ့ အမေးထက် ငါ့ကို သူ မလိုတော့တာ နေမှာပါဆိုတဲ့ အတွေးက ဝင်ရောက် လာတော့သည်။မင်းကြီးကောင်းချန်ကလည်း ရှောင်းသခင်ကြီးထံ ဒုတိယအကြိမ်မြောက် ရှောင်းကျန့်ကို တောင်းရမ်းရန် စကားစ နေေလသည်။ သို့သော်လည်း ရှောင်းကျန့်က ငြင်းဆန်နေဆဲ။ ရှောင်းသခင်ကြီးက ခေါင်းခါြမဲ။
အခုတော့ မင်းရဲ့အဖိုးတန်ဘုရင်က မင်းကို လှည့်တောင် မကြည့်ပါလား ဆိုတဲ့ ချင်းယုံရဲ့ စကားကို ရှောင်းကျန့်က ကြံ့ကြံ့ခံကာ ရင်ဆိုင်ေနခဲ့သည်။ စိတ်ပင်ပန်းတိုင်း အနောက်ဖက် ဉယျာဥ်က ရှောင်းကျန့်ရဲ့ စိတ်ထွက်ပေါက် ပေးရာ သီးသန့် နယ်မြေ ဖြစ်လာတော့သည်။
အခုရော...
ကျောက်စွန်းပေါ်မှာ ရပ်ပြီး အောက်က ရေကန်ဆီ ရှောင်းကျန့် ငေးကြည့်နေမိသည်။ အကြောင်းအရာ မယ်မယ်ရရမရှိဘဲ ပျံ့လွင့်နေတဲ့ စိတ်က ကန်ရေနဲ့အတူ စီးမြောနေသည်။ဖလပ်...
ဖလပ်...
အနီးကပ်လာတဲ့ ခြေသံသဲ့သဲ့ကြောင့် စိတ်နဲ့လူ မကပ်တဲ့ ရှောင်းကျန့် အလန့်တကြား လှည့်ကြည့်လိုက်သည်။
*ကျန့်ကော...
*အောင်...မြတ်...လေး...
ဗွမ်း...
အရာအားလုံးက တပြိုင်တည်းလိုပင်။ ရုတ်တရက် အရှိန်နဲ့ ဝင်လာသူက ဖက်လိုက်တာကြောင့် အားလွန်ကာနှစ်ယောက်စလုံး ကျောက်စွန်းမှ နေ၍ ကန်ထဲကို ပြုတ်ကျသွားသည်။
ဗွမ်း...
ဗွမ်း...
*ကော...ကော ကျွန်တော် ရေမကူးတတ်...တတ်...ဖူးးး...
မြုပ်ချည် ပေါ်ချည် ဖြစ်နေတဲ့ ဝမ်ရိပေါ်ကြောင့် ကမ်းစပ်ကို ကူးနေတဲ့ ရှောင်းကျန့် လန့်သွားရသည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed