(Unicode)
*ဘာပြောတယ် ရှန်းရှန်...မြေးတော်က အဲ့အကောင်ကို...
*ဟုတ်ပါတယ်ဆို...မယ်မယ်ကြီးကလဲ...ရှန်းရှန် ကိုယ်တိုင် မြင်ခဲ့တာပါဆို...
မိမိ ရှေ့မှာ တအိအိနဲ့ ထိုင်ငိုနေတဲ့ ရှန်းရှန်ကို ကြည့်ရင်း လော့ချိုင်မယ်မယ်ကြီးခမျာ ပြောစရာ စကားတို့ ပျောက်ရှနေလေသည်။
ဒီနေ့ ရှန်းရှန်က သူမ နန်းဆောင်ကို ငိုကြီးချက်မနဲ့ ရောက်လာခဲ့သည်။
*မယ်မယ်ကြီး...မင်းကြီးက...မင်းကြီးကလေ...ဟင့်...ဟင့်...
*ဘာဖြစ်လာတာလဲ ရှန်းရှန်ရယ်...မြန်မြန် ပြောစမ်း...ငိုပဲ ငိုမနေနဲ့...
ပြောစရာရှိတာ ဆက်မပြောဘဲ ငိုနေတဲ့ ရှန်းရှန်ကို လော့ချိုင်မယ်မယ်ကြီးက စိတ်မရှည်စွာ အော်လိုက်သည်။
*မင်းကြီးက...ကုတင်ပေါ်မှာ ရှောင်းကျန့် ကိုယ်ပေါ်ကို တက်ဖိပြီး...ဖက်ထားတယ်...ရှန်းရှန်ကိုလည်း အော်လွှတ်တယ်...မင်းကြီးနဲ့ ရှောင်းကျန့်က...အားးး...
မျက်နှာကို လက်ဝါးနဲ့ အုပ်ကာ ငိုနေတဲ့ မြေးချွေးမလေးအား ကြည့်ရင်း လော့ချိုင်မယ်မယ်ကြီးခမျာ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။
မြေးတော်က တကယ်ပဲ...ရှောင်းကျန့်နဲ့...မဟုတ်နိုင်ပါဘူး...ယောကျာ်းလေးချင်းလေ...ဘယ်လို...လုပ်...ပြီးးး...
*တကယ်တော့ မင်းကြီးကို ခစားဖို့ တာဝန်က...လွှဲပေးစရာ မလိုလောက်အောင်...မင်းကြီးမှာ ပြည့်စုံခဲ့ပြီးသားပါ...ကျွန်တော့်ထက် ဘယ်သူကများ...မင်းကြီးကို ပြည့်စုံစေမှာလဲ...
*ဒါကတော့ မင်းကြီးကိုပဲ မေးကြည့် ရလိမ့်မယ်...
မင်းကြီး...ကျွန်တော်က မင်းကြီးကို အထီးကျန် မနေစေဘဲ...ပြည်စုံအောင် ထားတယ်ဆိုတာ...အပို စကားလား...အမှန်လား...မင်းကြီး တကယ် စိတ်တိုင်းကျခဲ့ရဲ့လား...ဟင်...*ပြည့်စုံတယ်...အခုဆို ပိုပြည့်စုံသေးတယ်...တကယ် စိတ်တိုင်းကျတာပေါ့...
*ဒါအတွက်ကြောင့်တော့...ချင်းချူကို အပြစ်မပေးပါနဲ့ မယ်မယ်ကြီး...ချင်းချူက ကိုယ်တော့်ကို တကယ်ကျေနပ်စေတယ်...ဘာမှ မလိုလောက်အောင်ပေါ့...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed