(Unicode)
*အား...ကျွတ်...ကျွတ်...
ခေါင်းကိုက်လိုက်တာနော်...နေ့လည်ခင်းကတည်းက မူးမူးနဲ့ အိပ်ပျော်သွားတဲ့ ရှောင်းကျန့်က ညသန်းခေါင်မှာ နိုးလာခဲ့သည်။ ဆာလောင်လာတဲ့ ဝမ်းဗိုက်ကို ပွတ်ရင်း ကိုက်နေတဲ့ခေါင်းကို ခပ်ဖွဖွ ထုလိုက်သည်။
*တော်တော့...အရမ်းထုရင် နာသွားမယ်...အဲ့လို မလုပ်နဲ့...
*ဟင်...
ခေါင်းကို ထုနေတဲ့ လက်အား လာဆွဲတဲ့ လက်တစုံကြောင့် ရှောင်းကျန့်က စူပုတ်ပုတ်နဲ့ လှည့်ကြည့်သည်။ မိမိကို ကြင်ကြင်နာနာ ကြည့်ရင်း နားထင် နှစ်ဘက်ကို ခပ်ဖွဖွ နှိပ်ပေးနေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရသည်။
*မင်း မအိပ်သေးဘူးလား...
*ဟင့်အင်း...
လာ...ဒီမှာ လှဲ...သူ ပေါင်ပေါ် ဆွဲလှဲပြီး ခပ်ဖွဖွနှိပ်ပေးနေတာကြောင့် ရှောင်းကျန့် ငြိမ်နေလိုက်သည်။
ဂွီ...
*ဗိုက်ဆာနေတာလား...
*အင်း...
ရယ်ကျဲကျဲနဲ့ မေးတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က မျက်စောင်း ထိုးရင်း ဗိုက်ကို ဖိထားလိုက်သည်။
*ယဲ့ကုန်းကုန်း ဆန်ပြုတ်ယူလာခဲ့...
*ကောင်းပါပြီ မင်းကြီး...
*ပြောပါအုံး...နေ့လည်က ဘယ်လောက်တောင် သောက်လိုက်လို့...ဒီလောက် မူးပြဲနေရတာလဲ...
*သုံးခွက်...
ဝမ်ရိပေါ် ပေါင်ပေါ်မှာ ပက်လက်အိပ်ရင်း လက် သုံးချောင်းထောင်ပြနေတဲ့ ရှောင်းကျန့်ရဲ့ ဂုဏ်ယူနေပုံက အူယားစရာအတိ။
*သုံးခွက် တောင်...
*အင်း...
*ေဩာ်...အဲ့လောက်အများကြီး သောက်ပြီး မူးတယ်ပေါ့...
*အရက်သောက်တာပဲ...မူးမှာပေါ့...
ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ်က သဘောကျစွာ ရယ်သည်။
*ဘာရယ်တာလဲ...
*ဘာမှ မဟုတ်ပါဘူး...နောက်ဆို အဲ့လောက် အများကြီး မသောက်နဲ့နော်...လိမ္မာတယ်...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed