Part 40 (U&Z)

3.3K 258 15
                                    

(Unicode)

*ရှောင်းလေး...ရှောင်းလေး...

ထိုက်ယန်ဝမ် နန်းဆောင်ထဲ အလောသုံးဆယ် ဝင်လာတဲ့ မိဖုရားကြီးကို ရှောင်းကျန့် လှည့်ကြည့်လိုက်သည်။

*မယ်တော်...ဘာဖြစ်လာတာလဲ...အရေးကြီး ကိစ္စ ရှိလို့လား...

*မင်းကြီးအတွက်...အိပ်ဆောင်ဝင်ရမယ့် ရက်ကို ရှောင်းလေး ကိုယ်တိုင် ရွေးပေး လိုက်တာဆို...

ချန်စုယင်းက အလန့်တကြားမေးလိုက်သည်။ ရှောင်းကျန့်က ပြုံးပြီး ခေါင်းညိမ့် ပြလိုက်​ေလသည်။

*ဘာလို့ ဒီလို လုပ်ရတာလဲ ရှောင်းလေးရယ်...သားပဲ လက်မခံ နိုင်ဘူးဆို...

*လာပါ မယ်တော်...ထိုင်ပါအုံး...ကျွန်တော် ရှင်းပြပါမယ်...

ရှောင်းကျန့်က ချန်စုယင်းကို ဆွဲခေါ်ကာ ထိုင်ခုံမှာ နေရာပေးလိုက်သည်။

*ဘာလို့လဲ...

*မယ်တော်...ကျွန်တော်လေ မင်းကြီးကို မယ်မယ်ကြီး လက်အောက်က လွတ်စေချင်ပြီ...ဘုရင်ပေမယ့် အပြည့်အဝ အာဏာ မရှိတာမျိုး...မဖြစ်စေချင်တော့ဘူး...

*ဒါနဲ့ အခုကိစ္စက ဘာဆိုင်လို့လဲ...

*ကျွန်တော်တို့ မယ်မယ်ကြီးနဲ့...ဉာဏ် ကစားရအောင်ပါ...သူကလည်း မင်းကြီးကို မရရအောင် အိပ်​ဆောင် ဝင်ခိုင်းလိမ့်မယ်...ကျွန်တော်ကလည်း မရအရ ဖျက်မယ်...အဆုံးမှာ ဘယ်သူနိုင်မလဲ...ဒီတကြိမ် နိုင်ရင်...မင်းကြီးကို ဘယ်သူမှ မထိရဲတော့ပါဘူး မယ်တော်...

*ရှောင်းလေးရယ်...

ချန်စုယင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

*ကျွန်တော် ငယ်ငယ်လေးထဲက...အမေနဲ့ နီးနီးကပ်ကပ် မနေခဲ့ရဘူး...စစ်သူကြီးဖြစ်တဲ့ အဖေရဲ့နောက်ကို အမေက...အမြဲ လိုက်သွားတတ်တယ်...အမေ ပြန်လာတဲ့ ခဏ တဖြုတ်လောက်ပဲ...ဂရုစိုက်တာကို ခံခဲ့ရတယ်...မယ်တော်ကို ကျေးဇူးတင်ပါတယ်...ကျွန်တော် ကျုံးကျင်းကို စ ရောက်ကတည်းက မယ်တော် ဂရုစိုက်ခဲ့တာ...ကျွန်တော် တကယ် ခံစားခဲ့တယ်...မယ်တော်က ကျွန်တော့် အမေလိုပါပဲ...

ရှောင်းကျန့်က ချန်စုယင်းကို ထွေးပွေ့ရင်း ပြောလိုက်သည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now