(Unicode)
*မြေးတော်...ဒါ ဘယ်လို အဖြစ်မျိုးလဲ...သေသေချာချာ မှာလိုက်ရဲ့နဲ့...အခုက မယ်မယ်ကြီးရဲ့ စကားကို မနာခံတာလား...
ရှောင်းကျန့် ထွက်သွားတာနဲ့ လော့ချိုင်မယ်မယ်ကြီးက မြေးတော်ကို မေးလိုက်သည်။ ဝမ်ရိပေါ်က သက်ပြင်းချလိုက်သည်။ သူ မျှော်လင့်ထားပြီးသား အခြေအနေ မဟုတ်လား။
*မနာခံတာ မဟုတ်ပါဘူး မယ်မယ်ကြီး...အဲ့ဒီနေ့က မယ်မယ်ကြီး ပြောလိုက်တဲ့ စစ်သူကြီးချင်းယုံက...နန်းတော်ကို အချိန်မီ ရောက်မလာခဲ့တာပါ...ဒါကြောင့် စစ်သေနာပတိရဲ့ ဘေးက လူဟာ ချင်းယုံလို့ မှတ်သားထားခဲ့ရတဲ့...မြေးတော်အတွက် မှားယွင်းစရာ ဖြစ်သွားတာပါ...
*ဘာ...ချင်းယုံက ရောက်မလာဘူး...ဟုတ်လား...
လော့ချိုင်မယ်မယ်ကြီးက အံ့ဩစွာ မေးလိုက်သည်။
ကောင်းရော...အခုတော့ ငါးမြွေထိုးကို ကြင်ယာတော် အဖြစ် ကောက်လာခဲ့မိပြီလေ...
*သူက စစ်သူကြီး ချင်းယုံမဟုတ်ပေမယ့်...မယ်မယ်ကြီးပြောသလိုပဲ...သူ့ စစ်တပ် တတပ်လည်း ပါလာတယ်လေ...နောက်ပြီး သူက နန်ဖန်းဘုရင်ရဲ့အထူး နှစ်သက်ခြင်း ခံရတဲ့သူ...မြေးတော်က လက်ဆက်ဖို့ တောင်းတာတောင်...နန်ဖန်းဘုရင်က မပေးချင်ဘူး...ချင်းချူရဲ့အဘိုးက သဘောတူ လိုက်လို့သာ...
*စစ်တပ်ပါလာလဲ...သူ့ကို ကာကွယ်ဖို့အတွက်ပဲလေ...
ဒါနဲ့ နေပါဦး...သူ့နာမည်က ချင်းချူလား...*မဟုတ်ပါဘူး မယ်မယ်ကြီး...နန်ဖန်းဘုရင်က ပေးထားတဲ့ ဘွဲ့ပါ...မြေးတော်က အဲ့ဘွဲ့ကို သဘောကျလို့ ချင်းချူလို့ ခေါ်နေတာပါ...တကယ့် နာမည် အရင်းက ရှောင်းကျန့်ပါ...ချင်းချူ ရှောင်းကျန်က နန်ဖန်းရဲ့ ရတနာတပါးလို့တောင် ပြောလို့ရပါတယ် မယ်မယ်ကြီး...
ဝမ်ရိပေါ်က ဘွားအေကို ရှောင်းကျန့် အကြောင်း ပိုပိုသာသာလေး ပြောလိုက်သည်။ လောလောဆယ်မှာ ရှောင်းကျန့်သည် လော့ချိုင်မယ်မယ်ကြီးကို ရင်ဆိုင်ရဲတဲ့ တဦးတည်းသောသူ မဟုတ်ပါလား။
*အင်း...ရတနာလား...ရတာနာလား ဆိုတာကတော့ စောင့်ကြည့်ရတော့မယ်...
လောလောဆယ်တော့...ငါ့မြေပေါ်မှာ ဒင်းက မြို့တည်ပြီး နေပြီလေ...ဟင်းး...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed