(Unicode)
မနက်ခင်း အခမ်းအနားပြီးသည်နှင့် ရှောင်းကျန့်က မိမိ နေရမည့် မိဖုရား နန်းဆောင်ဆီ ထွက်လာခဲ့သည်။
ယွဲ့စန်းကုန်း နန်းဆောင်.....
သူ တကယ် လက်ထပ်ပြီးပြီပဲ။ အရင်လို လွတ်လပ်တဲ့ ရှောင်းကျန့် မဟုတ်တော့ဘူးပေါ့။
ဟင်း...
ရှောင်းကျန့်က နန်းဆောင် ပေါက်ဝမှာ ရပ်ပြီး အထဲကို ဝင်ဖို့ရန် တွန့်ဆုတ်နေခဲ့သည်။ ကိုယ်ရံတော်တွေ ဖြစ်တဲ့ ကျို့လီနဲ့ ဟုံးလင်ကလည်း နောက်မှာ ရပ်စောင့်နေခဲ့သည်။
*စစ်သူကြီး...
ဟုံးလီ အသံကြောင့် ရှောင်းကျန့် လှည့်ကြည့်လိုက်သည်။
*ေဩာ်...မင်းကြီး...
ဝမ်ရိပေါ်က တွေတွေလေး ရပ်နေတဲ့ ရှောင်းကျန့်ဆီ လှမ်းလာကာ ယှဉ်ရပ်လိုက်သည်။
*နောက်ဆို...စစ်သူကြီးလို့ မခေါ်နဲ့တော့...ချင်းချူဟွားလို့ ခေါ်ပါ...
*ကောင်းပါပြီ မင်းကြီး...
ကျို့လီနဲ့ ဟုံးလင်က ဦးညွတ်လိုက်သည်။
*ချင်းချူ...ဘာလို့ အထဲကို မဝင်တာလဲ...
*ကျွန်...တော်...
တွေဝေနေတဲ့ ရှောင်းကျန့် လက်ကို ဆွဲကာ အဆောင်ထဲကို ဝမ်ရိပေါ်က ခေါ်ခဲ့သည်။
*သဘောမကျဘူးလား...
*ဟင်...
.
.
.
အင်း...ခပ်ငေးငေး ရှိနေပြီးမှ ရှောင်းကျန့်က ယောင်ယောင်ရမ်းရမ်းနဲ့ ပြန်ဖြေလိုက်သည်။
*ဘာကို သဘောမကျတာလဲ...ဘာလိုချင်လဲ ပြောလေ...
*ဟို...ဟိုလေ...
ဒါ...
ဒါ...
ဒီဟာရော...
ဒီတခု...
ဒါရော...
နောက်ပြီး...ရှောင်းကျန့်က မြင်မြင်သမျှ လက်ညိုးထိုးလိုက်သည်။
သူ့စိတ်ထဲ ဒီနန်းဆောင်မှာ နေဖို့ အဆင်သင့် မဖြစ်သေးဘူး ထင်သည်။
ဝမ်ရိပေါ်က ပြုံးလိုက်သည်။
*ကျန့်ကော...သဘောမကျတာ မှန်သမျှ ကျွန်တော် ပြန်ပြင်ပေးမယ်...
လာ...ဘာလိုချင်လဲ သေချာပြောပြ...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed