Part 20 (U&Z)

3.5K 256 19
                                    

(Unicode)

နန်းတော်မှ ဒရောသောပါး ထွက်လိုက်လာတဲ့ ဝမ်ရိပေါ်ခမျာ နန်ဖန်းတပ်ရွာ ရောက်မှ အမောဆို့ ရတော့သည်။

*ချင်းချူရော...လင်းတပ်မှူး...ဘယ်လို နေသေးလဲ...

မျက်နှာ မသာမယာနဲ့ လင်းတပ်မှူးကို ဝမ်ရိပေါ်က အလျင်စလို မေးလိုက်သည်။ လင်းတပ်မှူးက ရှောင်းကျန့် ရှိရာ အိမ်လေးမှ ခပ်လှမ်းလှမ်းဆီ ဝမ်ရိပေါ်ကို ဆွဲခေါ်သွားသည်။

*မင်းကြီး...အခု ဝင်မသွားတာ ကောင်းမယ် ထင်ပါတယ်...စစ်သူကြီးက တော်တော်လေးကို စိတ်တိုနေတာ...မျက်နှာကလည်း အပူလောင်ထားတော့ နေရခက်တာလဲ ပါတာပေါ့...

*အင်းးး...ဒါဆိုလည်း...နန်းတော်က သမားတော် ခေါ်လာတယ်...ကြည့်ခိုင်းလိုက်ပါ...ကိုယ်တော် အပြင်ကပဲ စောင့်နေပါမယ်...

ဝမ်ရိပေါ်က သက်ပြင်းချရင်း ပြောလိုက်သည်။ တကယ်တော့ အခုအချိန်မှာ ချင်းချူကို သူ မတွေ့ရဲ။ ဒေါသ ထွက်နေမယ့် ချင်းချူကို သူ ရင်မဆိုင်ရဲဘူးလေ။

*အားနာပါတယ် မင်းကြီး...ကျွန်တော်
သမားတော်ကိုတော့ ခေါ်သွားလိုက်ပါမယ်...

လင်းတပ်မှူးကို ဝမ်ရိပေါ်က ခေါင်းငြိမ့် ပြလိုက်သည်။ ရင်ထဲမှာတော့ ဗလောင်ဆူနေသည်။

မကြာခင် ညနေစောင်းတော့မည်။ အအေးဓာတ်က တဖြည်းဖြည်း ပိုလာသည်။

*မင်းကြီး...

ရှောင်းကျန့် ရှိရာ အိမ်လေးထဲမှ ထွက်လာတဲ့ သမားတော်က ဝမ်ရိပေါ်ကို အရိုအသေ ပေးလိုက်သည်။

*အခြေအနေ ဘယ်လိုလဲ...သမားတော်...

*နည်းနည်းတော့ များတယ်...ဒါပေမယ့် ကျွန်တော် သေသေချာချာ လုပ်ပေးထားပါတယ်...အပူဒဏ်ကို ခံနိုင်ဖို့ လိမ်းဆေးပေးခဲ့တယ်...မကြာခဏ ဒဏ်ရာကို သုတ်ပေးဖို့ လိုပါတယ် မင်းကြီး...

*မျက်နှာရော ထိခိုက်သွားမှာလား...

ဝမ်ရိပေါ်က စိုးရိမ်စွာ မေးလိုက်သည်။

*အရောင် လျော့သွားမှ...ကြည့်ရမှာပဲ...အမာရွတ် မကျန်အောင် ဆေးပြန်လိမ်းရပါမယ် မင်းကြီး...အခုတော့ ဒဏ်ရာကြောင့် ခေါင်းကိုက်နေတယ် ဆိုလို့ အိပ်ဆေးပေးခဲ့ပါတယ်...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now