(Unicode)
*ဘယ်လို မြေးတော်...ဂျင်ဆင်းတင်ပို့မယ့် အရေအတွက်ကို သိချင်တယ်...ဟုတ်လား...
*ဟုတ်ပါတယ်...မယ်မယ်ကြီး...စာချုပ်ထဲမှာ တခါတည်း ထည့်ရေးခိုင်းလိုက်ရင်...အခွန်ဘယ်လောက် ရမယ်ဆိုတာလည်း...တခါတည်း သိရမှာမို့ပါ...
လော့ချိုင်မယ်မယ်ကြီးက ကျေနပ်စွာ ပြုံးလိုက်သည်။
*အင်း...မဆိုးဘူးပဲ အမတ်မင်းတို့...အဲ့ဒါကို ဟိုဘက်က လူတွေဆီ...ေသသေချာချာ မေးမြန်းပြီး...ပြင်ဆင်ခဲ့ပေးေပါ့...
ငါ့မြေးတော်လည်း တော်တော်လေး တွေးတတ်လာပြီ...ဟင်း...ဟင်း...*ပိုပြီး သင့်လျော်သွားပါတယ် မယ်မယ်ကြီး...
လော့ချိုင်မယ်မယ်ကြီးက အဓိပ္ပာယ် ပါပါ ပြောလိုက်သည်။ ကုန်သွယ်ရေး အမတ်နဲ့ အခွန် ကောက်ခံရေး အမတ်တို့ကလည်း လျှို့ဝှက်ချက်များနဲ့ ပြောလေသည်။
*ကဲ...မြေးတော် သဘောအတိုင်းပဲ...ဆုံးဖြတ်လိုက်ပြီနော်...ကျေနပ်ပြီလား...
အမလေး...ငါ့မြေးတော်လေး စဥ်းစားပေးရလို့ ခေါင်းတွေ ပူနေလောက်ပြီ...
ဒီနေ့တော့...ဒီလောက်နဲ့ ညီလာခံ နားကြတာပေါ့...
လာ...မြေးတော် ပြန်စို့...လော့ချိုင်မယ်မယ်ကြီးက ဝမ်ရိပေါ် လက်ကို ဆွဲကာ ထွက်သွားသည်။ ကုန်သွယ်ရေး အမတ်နဲ့ အခွန် ကောက်ခံရေး အမတ်တို့က ရယ်မောကာ ကျန်ခဲ့လေသည်။
*မယ်မယ်ကြီး ကြို ပြောြပခဲ့သလို...ပြောလာတာပဲ...
*ဟုတ်ပ အမတ်မင်းရယ်...ဒါကြောင့်လည်း မယ်မယ်ကြီးက...အရှေ့နန်းမဆောင်ရော...အနောက်နန်းမဆောင်တွေကိုပါ အုပ်ချုပ်နိုင်နေတာပေါ့...
*ဒါနဲ့...တခုတော့ ဘဝင်မကျဘူး...အမတ်မင်းရဲ့...
*ဘာများလဲ...
*တင်ပို့မယ့် အရေအတွက်လေ...ကျုပ်တို့က စာရင်းထဲကထက် ပိုပြီး ပို့မှာ မဟုတ်လား...
*ဒါများ...နယ်ခြား ဂိတ်စောင့်ပါးစပ်ကို ပိတ်ထားလိုက်ရင် ရပြီလေ...မင်းကြီးက ဘယ်တုန်းကများ သိလို့လဲ...ဟား...ဟား...ဟား...
*ဟုတ်တယ်ဗျို့...ဟုတ်တယ်...ဟား...ဟား...ဟား...
အမတ်မင်း နှစ်ယောက်က ကျေနပ်စွာ အော်ဟစ် ရယ်မောလိုက်ကြသည်။ ထိုသူတို့ကို ကြည့်ပြီး တိတ်တိတ်လေး ပြုံးနေသူလည်း ရှိသည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed