Part 21 (U&Z)

3.4K 267 6
                                    

(Unicode)

*ဟင့်...မယ်မယ်ကြီး...မင်းကြီးက မတရားဘူး...

မျက်ရည်များနဲ့ အဆောင်ထဲ ဝင်လာတဲ့ ရှန်းရှန်ကို လော့ချိုင်မယ်မယ်ကြီးက လှမ်းကြည့်သည်။

*ဟော...ဘယ်လို ဖြစ်လာရတာလဲ ရှန်းရှန်ရယ်...မျက်ရည်တွေနဲ့ပါလား...ဘာလဲ...မြေးတော်နဲ့ ရန်ဖြစ်လာတာလား...

*အင်း...

ရှန်းရှန်က ခေါင်းလေး ငြိမ့်ပြရင်း စားပွဲမှာ ဝင်ထိုင်လိုက်သည်။

*ဘာတွေ ဖြစ်လာလို့...ဒီလောက်တောင် ငိုလာရတာတုန်း...ပြောစမ်းပါအုံး...

လော့ချိုင်မယ်မယ်ကြီးက အံ့ဩကာ မေးလိုက်သည်။

*ရှန်းရှန်က...ဟိုတနေ့က ကိစ္စကို မယ်မယ်ကြီးအတွက် မကျေနပ်လို့...မိဖုရားနေရာ ယူထားတဲ့ ဟိုစစ်သူကြီးကို...သွားပြောတာလေ...အဲ့ဒါ မင်းကြီးက ရှန်းရှန်ကို စိတ်ဆိုးတယ်...ပြီးတော့ သူ့ကို တလတောင် သွား မတွေ့ရဘူးတဲ့...ဟင့်...မတရားဘူး...

*ဟေ...အဲ့လိုတောင်လား...မဟုတ်သေးပါဘူးကွယ်...

*ဟုတ်တယ်...ဟုတ်တယ်...အဲ့လို...ကိုယ့်ဘွားအေထက် အဲ့စစ်သူကြီးက မင်းကြီးအတွက် ပို အရေးကြီးနေတာ...မတရားဘူး...
မယ်မယ်ကြီး...မင်းကြီးကို အမိန့်် ​ပြန် ရုတ်သိမ်းပေးဖို့ ပြောပေးနော်...

ရှန်းရှန်က မကျေမနပ် ပြောရင်း လော့ချိုင်မယ်မယ်ကြီးကို တောင်းဆိုလိုက်သည်။ လော့ချိုင်မယ်မယ်ကြီးက သက်ပြင်း ချလိုက်သည်။

ဟုတ်တော့လည်း ဟုတ်သည်။ ရှောင်းကျန့် ရောက်လာပြီး ကတည်းက မြေးတော်ကို သူမ ထိန်းချုပ်ဖို့ ခက်လာသည်။ နန်းတော်ထဲမှာပဲ အမြဲ နေခဲ့တဲ့ မြေးတော်က အခုဆို မြို့တော်ထဲကို ရုပ်ဖျက်ကာ ထွက်တတ်နေသည်။ မိမိကိုလည်း အကြောင်းကြားခြင်း အလျှင်းမရှိ။ ခွင့်တောင်းဖို့ဆိုတာ ဝေလာဝေး။ ဒါတွေ အားလုံးက ရှောင်းကျန့် ရောက်လာပြီးမှ ဖြစ်လာတာတွေလေ။ အခုတော့ မိမိထက်ပင် ရှောင်းကျန့်က ပိုအရေးကြီး နေပြီလား။ လော့ချိုင်မယ်မယ်ကြီး စဥ်းစား ရတော့သည်။ မြေးတော် အနားမှာ ရှောင်းကျန့် ရှိနေခြင်းသည် မိမိအတွက် ခလုတ်ကန်သင်းတခုနှယ် ဖြစ်လာနေလေသည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now