(Unicode)
လဆုတ် ၁၄ ရက် ည...
ယွဲ့စန်းကုန်း နန်းဆောင်...*ကျွန်တော် ဆက်ဆက် ပြန်လာခဲ့မယ်...ကျန့်ကော ကျွန်တော့်ကို စောင့်နေပါနော်...
မိမိကို ခါးစည်းကြိုး ချည်ပေးနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ပွေ့ဖက်လိုက်သည်။ ရှောင်းကျန့်က ပြန်လည် ဖက်တွယ် ထားေလသည်။
*ကျွန်တော့်ကို ကတိပေး...ကြင်ယာတော်ကို ဘာမှ မလုပ်ပါဘူးလို့...
ဝမ်ရိပေါ်က စိတ်မချစွာ မေးလိုက်သည်။ ရှောင်းကျန့်က ပြုံးလျက်သာ ကြည့်နေလေသည်။
*ချင်းချူ...
*စကား များလိုက်တာကွာ...လာစမ်းပါ...ဖက်ထားပါရစေအုံး...
ဝမ်ရိပေါ်ကိုသာ ရှောင်းကျန့်က တင်းကြပ်ေနအောင် ဖက်ထားခဲ့သည်။
*ခင်ဗျား ကတိ မပေးသေးဘူးနော် ချင်းချူ...
*ကတိထက်...အခုအချိန်မှာ ဒါက ပိုအရေးကြီးတယ်...
ဝမ်ရိပေါ် မျက်နှာကို လက်နှစ်ဘက်နဲ့ အုပ်ကိုင်ရင်း ရှောင်းကျန့်က အနီးကို ဆွဲယူလိုက်သည်။
*ရိပေါ်...ငါ မင်းကို ချစ်တယ်...ငါ့အသက်လောက် ချစ်တာ...မင်း ငါ့ကို ပြောဖူးတယ်...ခင်ဗျား သေပြီ ထင်မိတဲ့ အချိန်မှာ...ခင်ဗျားကို ချစ်တဲ့ကြောင်း မပြောပြခဲ့မိတာ...ရင်အနာဆုံးပဲတဲ့...
ငါလည်း မင်းကို ဒီစကား မပြောမိရင် ရင်နာနေရမှာ...ဒါကြောင့် မင်း မသွားခင်...အမလေး...ရှောင်းကျန့် စကားပင်မဆုံးလိုက် ဝမ်ရိပေါ်က ပွေ့ယူကာ အိပ်ရာပေါ် လှဲချလိုက်သည်။ ထို့နောက် ဝမ်ရိပေါ်က သူ့ ခါးစည်းကို ဖြည်ရန် ပြင်လိုက်သည်။
*ဘာ...ဘာလုပ်မလို့လဲ...
ရှောင်းကျန့်က အလန့်တကြား ဆွဲကာ မေးလိုက်သည်။
*ကျွန်တော်...ခင်ဗျားနဲ့ပဲ အိပ်ဆောင် ဝင်တော့မယ်...
*ဘယ်...ဘယ်ဖြစ်မလဲ...မင်းကို ကြင်ယာတော် စောင့်နေမှာလေ...
*ရတယ်...ကိစ္စမရှိဘူး...ကျန့်ကောကိုသာ ရမယ်ဆို...ကြင်ယာတော်ဆီ မသွားဘူး...ကျွန်တော် လိုချင်တာ ခင်ဗျားကိုပဲ ကျန့်ကော...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed