(Unicode)
*အင်းးး...
အလင်းရောင် ခပ်ဆဆ ဝင်လာချိန်မှာ ရှောင်းကျန့် နိုးလာခဲ့သည်။
အင်...ဘာလဲဟ...
မိမိ လည်ပင်းအောက်မှာ လက်တဖက်...
နောက်ကျောမှ တင်းကြပ်အောင် သိုင်းဖက်ထားလို့ ရင်ချင်း အပ်မိနေတဲ့ အခြေအနေ...
အောင်မယ်...အောက်ပိုင်းက ခြေထောက်တွေကိုတောင် ခွ ထားသေးတယ်...
ဘယ် ခွေးသူတောင်းစားက...က...က...
ဟင်...ဒါ...ဝမ်ရိပေါ်...ရိုက်ထုတ်ဖို့ ကြံလိုက်ပြီးမှ ညက အဖြစ်အပျက်ကို ရှောင်းကျန့် ပြန်တွေးမိသည်။
ဒါဆို...ညက ငါ ဒီမှာ...အိပ်ခဲ့တာလား...အခုလို ပုံစံကြီးနဲ့လေ...ဘုရားရေ...အားးး....
.
.
.
ဒါဆို...တံဆိပ်ေတာ်ကရော...*ဝမ်ရိပေါ်...ဝမ်ရိပေါ်...ထ စမ်း...ထစမ်း ဆို...
ဖက်...ဖက်...ဖက်...
လှုပ်လို့ရတဲ့ ဗယ်ဘက်လက်နဲ့ ဘေးတိုက် မြင်နေရတဲ့ ဝမ်ရိပေါ် ပါးကို ခပ်ဆတ်ဆတ် ရိုက်ကာ နှိုးလိုက်သည်။
*ဟင်...အခု ဘုရင့်ပါးကို ရိုက်ရဲတဲ့ အထိ...ခင်ဗျား အတင့်ရဲ လာတယ်ပေါ့...ဟုတ်လား ချင်းချူ...
*အ...ဘာလဲဟ...လွှတ်စမ်း...
ရုတ်တရက် မိမိကို တက်ဖိကာ နှာဖူးခြင်း ထိရင်း ပြောလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် လန့်ကာ ရုန်းလိုက်သည်။
*ရာရာစစ...မင်းကြီးကိုများ ရုန်းရဲတယ်ပေါ့...
*မင်း ကြီးတော်ကြီးကို မရုန်းပဲ နေရမလား...ဒီလောက် တက်ဖိထားတာ...လေးတယ်...ဖယ်...
*အ...
ဒီတခါတော့ ဆောင့်တွန်း ခံလိုက်ရတဲ့ ဝမ်ရိပေါ် ခမျာ ဘေးကို လဲကျသွားရသည်။
*ခင်ဗျားကလည်း...စ တာကို...အဲ့လောက် လုပ်ရလား...မကြာခင်မှာ ခင်ဗျား ယောကျာ်း ဖြစ်မယ့် လူနော်...
*တိတ်စမ်း...အဲ့ဒါကြီးကို မပြောစမ်းနဲ့...ကြက်သီးထတယ်...
*ဘာတွေ တွေးပြီး ကြက်သီးထနေတာလဲ...နည်းနည်း ပြောပြလေ...
ဖက်...
*ချင်းချူ...
ဝမ်ရိပေါ်က မိမိ ပါးပြင်ကို လက်နဲ့ အုပ်ရင်း အော်လိုက်သည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed