(Unicode)
*မနေ့ ညနေကလို့ ပြောလိုက်တာလား ဟုံးလင်...
ရှောင်းကျန့်က အလောတကြီး မေးလိုက်သည်။
*ဟုတ်ပါတယ် ချင်းချူ...မနေ့ညနေက ရုတ်တရက်ကြီး...ထွက်သွားရတာပါ...အဲ့ဒါကြောင့်...
*ဘယ်သူတွေ လိုက်သွားတာလဲ...
*မုတပ်မှူး လက်အောက်က...တပ်ခွဲမှူး ကျီကျန်နဲ့ အဖွဲ့ပါ...
*အင်း...ကောင်းပြီ...ငါတို့ စီစဥ်ထားတဲ့အတိုင်း ဖြစ်နိုင်မလားဆိုတာပဲ...စောင့်ကြည့်ပါလို့ ပြောလိုက်...ဖြစ်နိုင်ရင် နောက်တကြိမ်မှာ သိမ်းမယ်လို့...စခန်းကို သွားပြောလိုက်...
*ကောင်းပါပြီ ချင်းချူ...
ကိုယ်ရံတော် ဟုံးလင်က ပြေးထွက်သွားတော့သည်။
*ဘာဖြစ်လို့လဲ ချင်းချူ...
*ေဩာ်...မင်းကြီး...ဟို...
ရှောင်းကျန့်က ပြောဖို့ ပြင်လိုက်ပြီးမှ ဝမ်ရိပေါ် နောက်က ကပ်ပါလာတဲ့ ရှန်းရှန်ကြောင့် စကားကို ရပ်လိုက်သည်။
*တလပြည့်သွားပြီလား မင်းကြီး...
*ဟင်...
ရှောင်းကျန့်ရဲ့ ရုတ်တရက် အမေးကြောင့် ဝမ်ရိပေါ်ခမျာ ကြောင်သွားရသည်။
*ေဩာ်...ဟုတ်တယ်...မနေ့က ပြည့်တယ်လေ...
*အဟင်း...ချက်ချင်း ရောက်လာတာပဲ...မဆိုးပါဘူး...ဒါဆို ကျွန်တော် ယွဲ့စန်းကုန်းကို သွားတော့မယ်...ခွင့်ပြုပါဦး မင်းကြီး...
*ချင်းချူ...
မထီတရီ အပြုံးတခုကို နှုတ်ခမ်းထက်မှာ ဆင်မြန်းပြီး လှည့်ထွက်ဖို့ ပြင်နေတဲ့ ရှောင်းကျန့် လက်ကို ဝမ်ရိပေါ်က လှမ်းဆွဲလိုက်သည်။ ရှောင်းကျန့်က စိတ်ရှုပ်သလို ပြန်ကြည့်သည်။
*ခဏလေးပါ ချင်းချူ...ကိုယ်တော် ပြောစရာ ရှိလို့...
*ဘာလဲ...ကြင်ယာတော် ရှန်းရှန်က ကျွန်တော်နဲ့...ခင်ခင်မင်မင် နေချင်ကြောင်း...မင်းကြီးကိုပါ ပြောခိုင်းေနလို့လား...
ရှောင်းကျန့်က ရှန်းရှန်ဆီ မေးဆတ်ပြပြီး ဝမ်ရိပေါ်ကို မေးလိုက်သည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed