(Unicode)
တညလုံး နှင်းမုန်တိုင်း တိုက်သလို လေပြင်းများ တိုက်ခဲ့တာကြောင့် နှင်းထုက ပိုမြင့်လာသည်။ လမ်းလျှောက်ဖို့ အဆင်မပြေတဲ့ ရှောင်းကျန့်အတွက် နှင်းပေါ်မှာ သွားနိုင်တဲ့ ဆွဲလှည်းတခုကို ဖန်တီးပြီး ကိုယ်ရံတော် သုံးယောက်က အားသွန်ခွန်စိုက် ဆွဲယူခဲ့ကြသည်။ ထို့ကြောင့်ပဲ နေ့တဝက် မကျိုးခင်မှာပင် တဲနန်းများဆီ ဝမ်ရိပေါ်တို့လူစု ပြန်ရောက်လာခဲ့သည်။
*မင်းကြီးတို့ ပြန်ရောက်လာပြီ...ချင်းချူဟွားလည်း ပြန်ပါလာတယ်...
*မင်းကြီးတို့ ပြန်ရောက်လာပြီ...ချင်းချူဟွားလည်း ပြန်ပါလာတယ်...
ဆူဆူညံညံ အသိပေးသံများကို အဝေးကပင် ကြားလိုက်ရသည်။ တပ်သားတချို့က အပြေးလာကာ လှည်းကို ကူဆွဲပေးကြသည်။
*မင်းကြီး...အဆင်ပြေခဲ့ရဲ့လား...
*မယ်တော်...ဒီမှာ ချင်းချူ ပါလာပြီလေ...
ချန်စုယင်းက သားတော်ဆီ ခပ်မြန်မြန် သွားကာ ပွေ့ဖက်လိုက်သည်။ ထို့နောက် ဆွဲလှည်းပေါ်ကို မဝံ့မရဲ လှည့်ကြည့်သည်။ မိမိကို ခပ်ပြုံးပြုံး ကြည့်နေတဲ့ ရှောင်းကျန့်ကို မြင်မှ ဝမ်းသာအားရ ငိုချမိသည်။
*ရှောင်းလေးရယ်...တော်ပါသေးရဲ့...မယ်တော် စိတ်ပူလိုက်ရတာ...တညလုံး အိပ်မပျော်ခဲ့ဘူး...အခုလို ပြန်လာနိုင်တာကို တကယ် ဝမ်းသာမိတယ်...
ရှောင်းကျန့်က မိမိ လက်ကိုကိုင်ကာ ဝမ်းသာအားရ ပြောနေတဲ့ မိဖုရားကြီးချန်စုယင်းအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
*မယ်တော် အကျင်္ ီတွေ ထည့်ပေးလိုက်တာဆို...ကျေးဇူးတင်ပါတယ် မယ်တော်...
*မဟုတ်တာ...အခုလို ပြန်လာနိုင်တာကိုပဲ...မယ်တော်က ကျေးဇူးတင်နေရတာ...
ချန်စုယင်းက ကျေနပ်စွာ ဆိုလေသည်။ ဝမ်ရိပေါ်က မယ်တော့် ပုခုံးကို ဖွဖွ ဖက်ကာ အားပေးလိုက်သည်။
ဘာလဲဟ...ဟိုအကောင်က မသေဘူးလား...အရိပ်လူ ပြောတော့ သေပြီဆို...ဘယ်လိုဖြစ်တာလဲ...
မိဖုရားကြီးရဲ့ ပြောဆိုနေပုံကို အဝေးက ကြည့်ရင်း လော့ချိုင်မယ်မယ်မှာ တွေဝေသွားရသည်။ ရှန်းရှန်ခမျာလည်း ငိုရမှာလား ရယ်ရမှာလားပင် မသဲကွဲတော့။ လော့ချိုင်မယ်မယ်ကြီးကိုသာ တွေတွေကြီး ကြည့်နေလေသည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed