Part 3 (U&Z)

4.1K 286 2
                                    

(Unicode)

*မယ်မယ်ကြီးကို ဂါရဝပြုပါတယ်...

လော့ချိုင်မယ်မယ်ကြီးက မိမိ ရှေ့မှ သံတမန် နဲ့ စစ်သူကြီးကို သဘောကျစွာ ကြည့်လိုက်သည်။

အင်း...နန်ဖန်း နယ်သားတွေက တော်တော်ကို ချောမော ခန့်ညားတာပဲ...ယောကျာ်းတွေတောင် ဒီလောက်ဆို မိန်းမတွေကတော့ ပြောစရာ မရှိအောင် ချောမောလှပပေလိမ့်မယ်...မဖြစ်သေးဘူး...

*လာပါ...ထိုင်ကြပါအုံး...မြေးတော်ကတော့ တုံရှောက်နယ်မှာ ရေကာတာ ဆောက်ဖို့ စီစဥ်နေလို့...သွားကြည့်နေတယ်...

*​ေဩာ်...မင်းကြီး မရှိဘူးကိုး...ဒါပေမယ့်လည်း မယ်မယ်ကြီးလို ထိပ်တန်းအုပ်ချုပ်သူနဲ့ တွေ့ရတာကတော့...ကျွန်တော်မျိုးတို့ရဲ့ ကံကောင်းခြင်းပါပဲ...

နန်ဖန်း နယ်ခြား ဆက်ဆံရေး အမတ်ကြီးရဲ့ စကားကြောင့် လော့ချိုင်မယ်မယ်ကြီးက ကျေနပ်စွာ ပြုံးလိုက်သည်။

*ဒီလိုဆိုတော့လည်း နှစ်နိုင်ငံ...အကျိုးစီးပွား အတွက် လွတ်လွတ်လပ် ဆွေးနွေးလို့ ရသွားတာပေါ့...ဟင်း...ဟင်း...

*သင့်မြတ်လှကြောင်းပါ မယ်မယ်ကြီး...

လော့ချိုင်မယ်မယ်ကြီးနဲ့ နယ်ခြား ဆက်ဆံရေး အမတ်ကြီးတို့ရဲ့ စကားဝိုင်းမှာ စစ်သူကြီး ချင်းယုံက တိတ်ဆိတ်စွာပင် နားထောင်နေခဲ့သည်။

*​ေဩာ်...ဒါနဲ့ စကားမစပ်...နန်ဖန်းဘုရင်မင်းမြတ်မှာ...လက်မဆက်ရသေးတဲ့ နှမတော် တပါးရှိသေးတယ်ဆို...အမတ်မင်း...

*မှန်ပါတယ် မယ်မယ်ကြီး...အငယ်ဆုံး မင်းသမီးလေး ကောင်းစုရင်...ရှိပါသေးတယ်...သက်တော် ၂၀ ပဲ ရှိသေးလို့...ကလေးလိုပါပဲ...

*ကောင်းလိုက်တာ...မယ်မယ်ကြီးတို့က နှစ်နိုင်ငံ ပေါင်းစည်းရမှာ ဆိုတော့...ခိုင်မြဲတဲ့ ဆက်ဆံရေးရဖို့...မိတ်ဆွေထက် ဆွေမျိုးက ပိုကောင်းတယ် မဟုတ်လား...လောလောဆယ် မြေးတော်မှာလည်း...အဆင့် ၃ ကြင်ယာတော် တပါးပဲ ရှိသေးတာဆိုတော့...အဆင့် ၄ ကြင်ယာတော်အဖြစ် မင်းသမီးကို လက်ဆက်မယ် ဆိုရင်ရော...အမတ်ကြီး အနေနဲ့ ဘယ်လို သဘောရသလဲ...

လော့ချိုင်မယ်မယ်ကြီး စကားကို နန်ဖန်းအမတ်ကြီးက အသေအချာ စဥ်းစားနေရသည်။ အဆင့် ၄ ကြင်ယာတော်ဆိုတာ ကိုယ်လုပ်တော် မောင်းမထက် တဆင့်ပဲ မြင့်တာ မဟုတ်လား။ မိမိတိုင်းပြည်က မင်းသမီးကို ဒီလိုနှိမ်တာမျိုးကျ လက်ခံဖို့ မသင့်လျော်ဘူးလေ။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now