Part 15 (U&Z)

3.8K 290 2
                                    

(Unicode)

*​ေဟာ...စစ်သူကြီး လာပြီဟေ့...
ဟာ...မင်းကြီးလည်း ပါလာတယ်...မြန်မြန် လာကြ...မြန်မြန်...

စခန်း စည်းရိုးထဲ ဝင်လိုက်တာနဲ့ အချင်းချင်း အော်ဟစ် အသိပေးသံတွေ ဆူညံသွားတော့သည်။ တပ်မှူးများက အစီအရီ နေရာယူကာ စနစ်တကျ စောင့်ကြိုနေကြသည်။ စီစဥ်ထားတဲ့ လျှောက်လမ်းလေးမှ တပ်မှူးများ ခြံရံပြီး ရှောင်းကျန့်တို့ ဝင်လာခဲ့သည်။

ဖောင်း...

ဖောင်း...

ဖောင်း...

ဗျောက်အိုးသံများ ဆူညံစွာ ထွက်ပေါ်လာပြီး မီးခိုးလုံးများဖြင့် အုံ့စိုင်းသွားတော့သည်။

*ဟေး...

ပျော်ရွှင်စွာ အော်ဟစ် နေသံတွေကြား ဝမ်ရိပေါ်က ရှောင်းကျန့် လက်ကို ကိုင်ကာ ပြုံးပြလိုက်သည်။

*ကြိုဆိုပါတယ်...
သတို့သားများ...ဒီဘက်ကို ကြွကြပါ...

အသံခပ်စွာစွာနဲ့ အမျိုးသမီး တယောက်က အော်လိုက်သဖြင့် အားလုံးက သဘောကျစွာ ရယ်မောလိုက်သည်။ နန်းတွင်းပွဲထက် လွတ်လပ်ကာ လူတိုင်းက ပျော်ရွှင်စွာ စားသောက်နေကြသည်။

*ငါတို့ စစ်သူကြီးက...ဒီညက စပြီး အိပ်ထောင်သည် ဖြစ်သွားပြီ...ဟား...ဟား...ဟား...

*စစ်သူကြီး မဟုတ်တော့ဘူးလေ...ချင်းချူဟွားဘွဲ့နဲ့ မိဖုရားကြီးအဆင့် ရထားတာ...

လင်းတပ်မှူးကို ဝမ်ရိပေါ်က ပြောလိုက်သည်။ ရှောင်းကျန့်ကတော့ မှုန်ကုပ်ကုပ်နဲ့ ကြည့်သည်။

*ငါ့ တပ်ထဲ အထိတော့...အဲ့ဒီ ချင်းချူဟွား ဆိုတာကြီး...မခေါ် စေချင်ဘူး...စစ်သူကြီး လို့ပဲ ခေါ်ပါစေ...

*ချင်းချူကလည်း...ခင်ဗျားက ကျွန်တော့် ယောကျာ်းနော်...

*မင်းပဲ...ညီအစ်ကိုလိုဆို...ဘာကို ယောကျာ်းလို့ လာပြောနေတာလဲ...

လင်းတပ်မှူးကို ရှေ့မှာထားပြီး နှစ်ယောက်သား ငြင်းခုန်နေကြသည်။ လင်းတပ်မှူးကတော့ မြင်နေကြ မြင်ကွင်းတခုလို ကြည့်ရင်း ရယ်နေလေသည်။

*ချင်းချူကလဲ...အဲ့ဒါက...

ဝမ်ရိပေါ် စကား မဆုံးခင်မှာပင် ရှောင်းကျန့်က တခြားတပ်မှူးတွေ ရှိရာဆီ ထထွက်သွားလေသည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now