Part 38 (U&Z)

3.1K 259 8
                                    

(Unicode)

ဒီနေ့ ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့အတူ ထိုက်ယန်ဝမ်နန်းဆောင်ဆီ လိုက်မသွားခဲ့ဘူး။ ဒီရက်ပိုင်း ထူးဆန်းတာ တခုခု သူ ခံစားနေရ၍ ဖြစ်သည်။ ထိုက်ယန်ဝမ်မှာဆို ဝမ်ရိပေါ် ရှိ​နေတာကြောင့် အဆင်မပြေဘူးလေ။ ဒါကြောင့်ပဲ ယွဲ့စန်းကုန်းမှာ တယောက်ထဲ ချန်နေခဲ့ခြင်း ဖြစ်သည်။

ချွတ်...

အမှတ်တမဲ့ပေမယ့် နားပါးသူပီပီ ရှောင်းကျန့်က ငြိမ်ငြိမ်လေး ထိုင်ကာ အာရုံစိုက် နေခဲ့သည်။

*စူးချန်...မင်း ရောက်နေတာလား...

ဒီပုံစံ ဒီအနေအထားသည် ရှောင်းကျန့်အတွက် ရင်းနှီး​ေနသော အခြေအနေ တခုပင်။ မင်းကြီး ကောင်းချန်ရဲ့ လျှို့ဝှက်စစ်သည် စူးချန်လေ။ မိမိ စစ်ထွက်တိုင်း မိမိ နောက်မှာ အရိပ်လို လိုက်ပါခဲ့ရတဲ့သူ။ မိမိကို အန္တရာယ်များ ကြားမှ ကာကွယ်ရန် တိတ်တဆိတ် ရှိ​ေန ခဲ့ရတဲ့သူ။ မင်းကြီး ကောင်းချန်ထံ မိမိ အခြေအနေ အကြောင်း သတင်း ပို့ရတဲ့သူ မဟုတ်ပါလား။

*ဂါရဝ ပြုပါတယ် ရှောင်းစစ်သူကြီး...

အမှောင်ရိပ်ထဲမှ ထွက်လာတဲ့ စူးချန်ကို ရှောင်းကျန့်က နားမလည်သလို ကြည့်လိုက်သည်။

*ဘာကိစ္စနဲ့ ရောက်လာတာလဲ စူးချန်...မင်းကြီး လွှတ်လိုက်တာလား...ဒါမှမဟုတ် မင်းကြီးကောင်းချန်များ တခုခု ဖြစ်လို့လား...

ရှောင်းကျန့်က စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။

*မဟုတ်ပါဘူး စစ်သူကြီး...
မင်းကြီးက စစ်သူကြီး ဒဏ်ရာရတယ် ဆိုလို့...စုံစမ်း ခိုင်းလိုက်တာပါ...နောက်ပြီး စစ်သူကြီး ကျုံးကျင်းမှာ နေရတာ အဆင်ပြေရဲ့လား ဆိုတာကို...ကြည့်ခိုင်း လိုက်ပါတယ်...လိုအပ်တာ ရှိရင်လည်း ကူညီပေးဖို့ မှာလိုက်ပါတယ်...

စူးချန် စကားကြောင့် ရှောင်းကျန့် စိတ်မကောင်း ဖြစ်သွားသည်။ မင်းကြီးကောင်းချန်က မိမိအတွက် စိတ်ပူနေရှာတယ် မဟုတ်လား။ သူ့ကို ကြောက်လန့်ပြီး ရှောင်ဖယ်ခဲ့တဲ့ မိမိအား အခု အချိန်အထိ ပစ်ပယ် မထားနိုင်သေးတဲ့ မင်းကြီးကောင်းချန်အတွက် ရှောင်းကျန့် စိတ်မကောင်း ဖြစ်သွားရသည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now