Part 26 (U&Z)

3.4K 283 4
                                    

(Unicode)

*အား...ေခါင်းကိုက်တယ်...
အမှတ်မရှိတဲ့ ရှောင်းကျန့်...ကိုယ့်အကြောင်းကိုယ် သိရဲ့သားနဲ့ သောက်တာကိုး...ဖြစ်ပြီပေါ့...နည်းတောင် နည်းသေးတယ်...ကဲဟာ...ကဲဟာ...

မိမိ ဦးခေါင်းကို မိမိဘာသာ ခပ်ဖွဖွ ထုရင်း ရှောင်းကျန့် ရေရွတ်မိသည်။

အင်...ဘာလဲဟ...
အား...ငါ့ အဝတ်တွေရော...ဟိုကောင် ငါ့ကို မဟုတ်တာ လုပ်သွားတာလား...
ဘုရားရေ...ကျော်မကောင်း ကြားမကောင်း...စစ်သူကြီးတပါးဖြစ်ပြီး...သေပါတော့ကွာ...

မိမိ ခန္ဓာကိုယ်နဲ့ စောင်က တိုက်ရိုက် ထိတွေ့နေတာကြောင့် ရှောင်းကျန့် လန့်ပြီး ထထိုင်ကာ တကိုယ်လုံးကို စောင်နဲ့ ပတ်လိုက်သည်။ ထို့နောက် အခန်းကို မျက်လုံးဝှေ့ကာ ကြည့်လိုက်သည်။

ဟင်...ဒါ ထိုက်ယန်ဝမ်လည်း မဟုတ်ဘူး...ဒုက္ခပဲ...

မရင်းနှီးတဲ့ အခန်း အနေအထားကြောင့် ရှောင်းကျန့် စိတ်ထဲ လန့်သွားရသည်။ မျက်လုံးထဲ ပေါ်လာတာက ဝမ်ရိပေါ် ။

မဖြစ်ဘူး...မဖြစ်ဘူး...ထိုက်ယန်ဝမ်ကို ပြန်မှ ဖြစ်မယ်...

ဝုန်း...

ဒုန်း...

*အောင်...မြတ်...လေး...

အလောတကြီး ကုတင်ပေါ်က ဆင်းလိုက်တဲ့ ရှောင်းကျန့်.....
ကိုယ့်ဘာသာ စောင်နဲ့ ရစ်ပတ်ထားတာကို မေ့နေတဲ့ ရှောင်းကျန့်.....

ကုတင်အောက်ကို ကောက်ညှင်းထုပ် ကြိုးတုတ်ထားသလို ပစ်ကျသွားတော့သည်။

*အား...သေပါတော့ ရှောင်းကျန့်ရယ်...

နာနေတာကိုပင် ဂရုမထားနိုင်ဘဲ ရှောင်းကျန့်ခမျာ ရုန်းကန်ကာ ထထိုင်ဖို့ ကြိုးစားလိုက်ပေမယ့် လှုပ်မရ။ အိပ်ရာခင်းပါ ပတ်နေတာကြောင့် တွန့်လိမ်နေတော့သည်။

☄ ☄☄ ☄☄☄

*ချင်းချူ...

*ဟင်...

မိမိ ရင်းနှီးနေတဲ့ အသံကြောင့် ရှောင်းကျန့် မော့ကြည့်လိုက်သည်။

*ရိပေါ်...

ရှောင်းကျန့် ဝမ်းသာအားရ ခေါ်လိုက်သည်။ ဝမ်ရိပေါ်က အပြေးလာကာ ပွေ့ယူပြီး ကုတင်ပေါ် ကို ပြန်တင်လိုက်သည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now