(Unicode)
ဓားကို ဝင့်ကာပြောလိုက်တဲ့ မင်းကြီး ဝမ်ရိပေါ်ကို ကြည့်ပြီး ကျင်းကိုယ်ရံတော်က ပြုံးလိုက်သည်။ အခုမှ ရှင်ဘုရင် တပါးရဲ့ ရာဇမာန်ကို မင်းကြီး ဝမ်ရိပေါ် ဆီမှာ မြင်တွေ့လိုက်ရသည် မဟုတ်လား။
ချင်းချူဟွားသည် မင်းကြီး၏ ပျော့ပြောင်း၍ အားငယ်နေသော စိတ်ကို ကောင်းမွန်စွာ ပြောင်းလဲနိုင်ခဲ့လေသည်။
ဝမ်ရိပေါ်က ကျင်းကိုယ်ရံတော်ဆီ ဓားကို ပြန်ပေးပြီး ပုလ္လင်မှာ ပြန်ထိုင်လိုက်သည်။
*ညီလာခံ ဆက်မယ်...
☄ ☄☄ ☄☄☄
*ဘာ...ဘာပြောတယ် အထိန်းတော်ကြီး...မြေးတော်က ကုန်သွယ်ရေးအမတ်နဲ့ အကောက်ခွန်အမတ်ကို ဖမ်းဆီးလိုက်တယ်...ဟုတ်လား...
လော့ချိုင်မယ်မယ်ကြီးက အထိတ်တလန့် မေးလိုက်သည်။
*ဟုတ်ပါတယ် မယ်မယ်ကြီး...ရာထူးချ...အဆောင်အယောင် သိမ်းပြီး...အကျဉ်းတိုက်ကို ပို့လိုက်ပါပြီတဲ့...သူတို့ မိသားစုဝင်တွေကိုလည်း စောင့်ကြည့်ခိုင်း ထားပါတယ်တဲ့
အို...ခက်ရချည်ရဲ့...တမနက်ခင်းအတွင်း ဘာတွေ ဖြစ်ကုန်တာလဲ...အဖြစ်အပျက်တွေက မြန်ဆန် လှချည်လား...ဘယ်လို လုပ်ရမလဲ...
*အခုပဲ အကျဥ်းထောင်ကို သွားရအောင်...မြန်မြန် ပြင်ကြ စမ်း...
လော့ချိုင်မယ်မယ်ကြီးက နေရာမှ အလောတကြီး ထကာ ပြောလိုက်သည်။
*မ...မဖြစ်ဘူး ထင်ပါတယ် မယ်မယ်ကြီး...အခုတောင် သူတို့နဲ့ ပတ်သတ်သူတွေကို စောင့်ကြည့်ပြီး ရှာနေတာ...မယ်မယ်ကြီး သွားတွေ့ရင်...မယ်မယ်ကြီးကိုပါ သံသယ ဝင်သွားမှာပေါ့...
*အင်း...ဒါလည်း ဟုတ်တာပဲ...နေပါအုံး...ဘာလို့များ ရုတ်တရက်ကြီး အခုလို ဖြစ်ရတာလဲ...
စာ...ဟုတ်သားပဲ...ဟိုတနေ့က လာပို့တဲ့စာ...ဘယ်မှာလဲ...မြန်မြန် ယူခဲ့စမ်း...အပျိုတော်လေး တယောက်က အပြေးလာကာ ယူပေးလေသည်။ လော့ချိုင်မယ်မယ်ကြီးက စာကို ကမန်းကတန်း ယူဖတ်လိုက်သည်။
*သွားပြီ...သွားပါပြီ...
ဘာလို့ ဒီလို ဖြစ်ရတာလဲ...ဘာလို့လဲ...ဘာလို့လဲ...မဟုတ်ဘူးလေ...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed