Part 22 (U&Z)

3.3K 274 8
                                    

(Unicode)

ကုတင် ကျဥ်းကျဥ်းမှာ နှစ်ယောက်သား ပူးကပ်ကာ အိပ်နေရသည်။

*လင်းတပ်မှူးကို ကုတင်ကြီးကြီးလေးတော့ လဲခိုင်းအုံးမှပါ...

နောက်ကျောခိုင်းထားတဲ့ မိမိတကိုယ်လုံးကို ခါးမှဖက်ကာ ရင်ခွင်ထဲ ထည့်ထားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် နေရခက်နေလေသည်။

*ဘာလို့လဲ...အခုအတိုင်း အဆင်ပြေနေတာပဲကို...

*ငါမှ မပြေတာ...

*အာ...ကျွန်တော်က ကျန့်ကော အေးနေမှာ စိုးလို့...ဖက်ထား ပေးတာပါ...မကြိုက်ရင် မဖက်တော့ဘူးနော်...ဒါနဲ့...မနက်ဖြန် နန်းတော်ကို ပြန်ကြစို့နော် ကျန့်ကော...

ရှောင်းကျန့် ခါးကို လွှတ်ပေးလိုက်ရင်း ဝမ်ရိပေါ်က ပြောလိုက်သည်။

*မပြန်သေးဘူး...

*ကျန့်ကော...

*လုပ်စရာတွေ ရှိသေးတယ်...စီစဥ် စရာတွေလည်း ရှိသေးတယ်လေ...

ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ်က စိတ်ပျက် လက်ပျက်နဲ့ တဖက်ကို လှည့်သွားတော့သည်။

*ဘာဖြစ်သွားတာလဲ...စိတ်ဆိုးသွားတာလား...ငါ တကယ်ကို လုပ်စရာတွေ ရှိလို့ပါ...

ရှောင်းကျန့် ပြောနေပေမယ့် ကျောခိုင်းထားတဲ့ ဝမ်ရိပေါ်က မဖြေဘဲ ငြိမ်နေလေသည်။

*ရိပေါ်...ဝမ်ရိပေါ်...ငါ ပြောနေတယ်လေ...နားထောင်နေလား...

မလှုပ်မယှက် ငြိမ်နေတဲ့ ဝမ်ရိပေါ် ကို လှုပ်ခါရင်း ရှောင်းကျန့် စိတ်တိုလာတော့သည်။

*ဝမ်ရိပေါ်...မင်း လင် ချင်းချူဟွား ရှောင်းကျန့် ပြောနေတယ်...နားထောင်နေ...
အမလေး...

ရုတ်တရက် လှည့်လာကာ မိမိ ကို တွန်းလှဲပြီး တက်ဖိလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် လန့်အော်မိသည်။

*ဘာဖြစ်တာလဲ...

*ကျွန်တော့် လင်ဆိုတာတော့...ခင်ဗျား မှတ်မိသေးသားပဲ...ဒါနဲ့တောင် နန်းတော်ကို မပြန်ချင်သေးဘူးပေါ့...ဟုတ်လား...

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်က နှုတ်ခမ်းလေး ကိုက်ကာ မော့ကြည့်သည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now