Part 19 (U&Z)

3.3K 261 25
                                    

(Unicode)

*ချင်းချူ...ခင်ဗျား အတင့်ရဲလိုက်တာ...ကျွန်တော်သာ အချိန်မီ ရောက်မလာရင်...ခင်ဗျား ဘယ်လို လုပ်မလဲ...

နန်းဆောင်ထဲကို ရှောင်းကျန့်အား ဆွဲသွင်းလိုက်ရင်း ဝမ်ရိပေါ်က ပြောလိုက်သည်။ ရှောင်းကျန့်က ခပ်အေးအေး ကြည့်ကာ ပြုံးပြလိုက်သည်။

*ဘာလို့လဲ...မယ်မယ်ကြီးကို ပြန်ပြောမိလို့လား...

*ဟုတ်တယ်...

*ကြောက်တယ်ပေါ့...

မျက်ခုံးလေး ပင့်ကာ မေးလိုက်တဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က နံရံဆီ တွန်းကာ ကပ်ရင်း စေ့စေ့ကြည့်လိုက်သည်။

*မကြောက်ဘူး...ကြောက်စရာလည်း မရှိဘူး...ခင်ဗျားကို ထိခိုက်မှာပဲ စိုးတာ...
မယ်မယ်ကြီးရဲ့ ကြိမ်လုံးဒဏ်ကို...ဘယ်သူမှ မခံနိုင်ဘူး...ခင်ဗျား ၇ ရက်လောက် လမ်းမလျှောက်နိုင် ဖြစ်သွားမယ်...သိရဲ့လား...

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်က ရယ်မိတော့သည်။

*ရိပေါ်...ငါက စစ်သူကြီးပါ...တိုက်ပွဲပေါင်း များစွာကို တိုက်ခဲ့တယ်...ငါ့ခန္ဓာကိုယ် ပေါ်မှာ ဒဏ်ရာတွေမှ အများကြီး...သေလုမျောပါး ခံစားခဲ့ရတာတွေ...၇ ရက်လောက် သတိ မလည်ခဲ့တာတွေ...အများကြီးပဲ...အဲ့လိုလူက ကြိမ်လုံးဒဏ်ကြောင့် ၇ ရက်လောက် လမ်းမလျှောက်နိုင်မှာကို...ကြောက်နေမှာတဲ့လား...

*ခက်လိုက်တာ ချင်းချူရယ်...

ဝမ်ရိပေါ်က ညည်းညူလိုက်သည်။ ရှောင်းကျန့်က ဝမ်ရိပေါ် ပုခုံးကို လှမ်းကိုင်လိုက်သည်။

*အဲ့ဒါ ထားလိုက်စမ်းပါ...ဘယ်လိုလဲ...ဒီနေ့ ညီလာခံ အခြေအနေ...

ရှောင်းကျန့် အမေးကြောင့် ဝမ်ရိပေါ် မျက်လုံးလေးတွေ လင်းလက်သွားသည်။

*ဒီနေ့ ညီလာခံမှာ...ပြည်ထဲရေး အမတ်ကို ရာထူးကနေ...တရားဝင် အနားပေးလိုက်ပြီ...

*ဘာလဲ...အခုအထိ ပညာတော်သင် ရွေးချယ်ဖို့ မလုပ်ဘူးတဲ့လား...

*အင်း...မယ်မယ်ကြီးက မလုပ်ခိုင်းလို့တဲ့...အဲ့ဒါနဲ့ မယ်မယ်ကြီး လက်အောက်မှာ လုပ်မယ်ဆို...ကိုယ်တော့် လက်အောက်မှာ အမှုမထမ်းနဲ့ ဆိုပြီး...ရာထူးက အနားပေးလိုက်တယ်...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now