(Unicode)
*မင်းကြီး...
*ေဩာ်...ရှန်းရှန် လာလေ...နောက်တောင် ကျနေပြီ...ဘာကိစ္စရှိလို့လဲ...
မိမိ နန်းဆောင်ထဲကို မျက်နှာ မသာမယာနဲ့ ရောက်လာတဲ့ ရှန်းရှန်အား ဝမ်ရိပေါ်က ဖိတ်ခေါ်လိုက်သည်။ ရှန်းရှန်က ဝမ်ရိပေါ် နံဘေးမှာ ဝင်ထိုင်လေသည်။
*ဘာဖြစ်လာတာလဲ ရှန်းရှန်...မျက်နှာလည်း မကောင်းပါလား...
*မင်းကြီး...နန်ဖန်းက ကြင်ယာတော်ကို မိဖုရား မြောက်မလို့ဆို...ဟုတ်လား...
ရှန်းရှန်က မကျေမနပ် မေးလိုက်သည်။
*အင်း...အဲ့လို ဖြစ်သွားခဲ့တယ် ရှန်းရှန်...
*ဘာလို့လဲ...ရှန်းရှန်က ဘာဖြစ်သွားပြီလဲ...မင်းကြီးအတွက် ရှန်းရှန်က မိဖုရားဆို...အခု ဘာလို့ သူ ဖြစ်ရတာလဲ...ပြီးတော့ ကြင်ယာတော် အကြီးဆုံးဖြစ်တဲ့ ရှန်းရှန်ကိုလည်း ရောက်ရောက်ခြင်း လာပြီး ဂါရဝ မပြုဘူး...ဘာသဘောလဲ...ဂရုမစိုက်တာလား...
ဒေါသထွက်နေတဲ့ ရှန်းရှန်ကို ဝမ်ရိပေါ်လည်း မည်သို့ နှစ်သိမ့်ရမည် မသိ ဖြစ်ရတော့သည်။
*အဲ့ဒါကလေ...သူက ယောကျာ်းလေး မဟုတ်လား ရှန်းရှန်ရဲ့...ကြင်ယာတော် ဆိုရင် မိန်းကလေးတွေ ကြားမှာ သူတယောက်ထဲလေ...ဘယ်အဆင်ပြေပမလဲ...အဲ့ဒါကြောင့်ပါ...
*ဟင့်အင်း...မိဖုရားနေရာက ရှန်းရှန်နေရာ...သူ့ကို မပေးနိုင်ဘူးနော် မင်းကြီး...မယ်မယ်ကြီးလည်း ပြောတယ်...ရှန်းရှန် အတွက်ပဲတဲ့...ရှန်းရှန် သူ့ကို...မိဖုရား မဖြစ်အောင် လုပ်မှာ...မင်းကြီးလည်း သူ့ကို မိဖုရား မမြောက်ရဘူး...
*ဟင်း...မဆိုးပါနဲ့လား ရှန်းရှန်ရယ်...
ဝမ်ရိပေါ်က ရှန်းရှန် ပုခုံးလေးကို ဖွဖွဖက်ရင်း ပြောလိုက်သည်။
ဒါ...မယ်မယ်ကြီး စနက်တွေပေါ့...သူက မတတ်သာပဲ ကတိ ပေးထားရတော့...တခြားသူကို ဖျက်ခို်င်းနေတာလေ...
*ဟင့်အင်း...မင်းကြီး သူ့ကို...မိဖုရား မမြောက်ရဘူးနော်...နော်လို့...
နှုတ်ခမ်းလေး စူကာ ပြောနေတဲ့ ရှန်းရှန်ကို ဝမ်ရိပေါ်က သက်ပြင်းချရင်း ငုံ့ကြည့်လိုက်သည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed