Part 47 (U&Z)

3.6K 272 11
                                    

(Unicode)

ဖြောင်း...

ဖြောင်း...

ဖြောင်း...

နောက်ကျောမှ ထွက်လာတဲ့ လက်ခုပ်သံကြောင့် ရှောင်းကျန့် လှည့်ကြည့်လိုက်သည်။

*ချင်း...ယုံ...

*ဂုဏ်ယူပါတယ် ရှောင်းကျန့်...ဂုဏ်ယူပါတယ်...
​ေဩာ်...မှားလို့...ချင်းချူဟွား ရှောင်းကျန့်...ဟား...ဟား...ဟား...

*မင်း...ဘာဖြစ်ချင် ​ေနတာလဲ ချင်းယုံ...လက်ရှိမှာ ငါက ကျုံးကျင်းဘုရင်ရဲ့ မိဖုရားခေါင် အဆင့်ပါ...နမ်ဖန်းကို အလည်အပတ် ရောက်နေတဲ့ ဧည့်သည်တော် အဆင့်နော်...မလေးမစား မဆက်ဆံပါနဲ့...

ရှောင်းကျန့်က လေသံ ခပ်မာမာဖြင့် ပြောလိုက်သည်။ ချင်းယုံက ခနဲ့သလို ကြည့်​ေလသည်။

*ေဩာ်...ဟုတ်တာပေါ့...ဟုတ်တာ​ပေါ့...မလေးမစား ဆက်ဆံလို့...ဘယ်ဖြစ်မလဲ...ငါ မင်းကို လေးစားပါတယ်...တကယ် လေးစားတယ် ရှောင်းကျန့်...ကျုံးကျင်ဘုရင် အူကြောင်ကြားနဲ့ လက်ထပ်ပြီးတာတောင်...ငါတို့ မင်းကြီးက မင်းကို စွဲလန်းနေတုန်းပဲ...ဘာဆေးတွေများ ဆောင်ထားလို့လဲ ရှောင်းကျန့်ရယ်...ငါ့ကိုလည်း ပြောပြပါအုံး...

ရွှမ်း...

ရွှမ်း...

ရှောင်းကျန့် မျက်နှာဆီ တိုးကပ်ကာ ပြောလိုက်တဲ့ ချင်းယုံ ပုခုံးပေါ်ကို ကိုယ်ရံတော် ကျို့လီနဲ့ ဟုန်းလင်ရဲ့ ဓားနှစ်လက်က ရှေ့ဆင့်နောက်ဆင့် ကျလာခဲ့သည်။

*အမလေး...အမလေး...ဘုရင့် မိဖုရားလေးကို ပြောမိလို့...ဓားကြီး​တွေနဲ့ ခြိမ်းခြောက်တယ်ပေါ့...ဟုတ်လား...
ကြောက်လိုက်တာနော်...ကြောက်လိုက်တာ...ဟား...ဟား...ဟား...

ေအာ်ဟစ် ရယ်မောကာ လေှာင်ပြောင်နေတဲ့ ချင်းယုံကို ကြည့်ပြီး ရှောင်းကျန့် သက်ပြင်း ချလိုက်သည်။

*ချင်းယုံ...မင်းကြီးကောင်းချန်က မင်း နေတဲ့ တိုင်းပြည်ရဲ့ အရှင်သခင်ပါ...ဒါကြောင့် မစော်ကားပါနဲ့...နောက်ပြီး...ငါ့ယောကျာ်း ကျုံးကျင်ဘုရင်ကို အူကြောင်ကြားလို့...မပြောပါနဲ့...ငါ့ကို ချစ်တဲ့ ဝမ်မင်းကြီးက...သူ့တိုင်းသူ ပြည်သားတွေ အတွက် ဘုရင်ကောင်းတပါး ဖြစ်သလို...ငါ့အတွက်လည်း ခင်ပွန်းကောင်း တယောက်ပဲ...ငါ့ယောကျာ်းကို မင်းလို မနာလိုစိတ် ကြီးမားပြီး တန်ဖိုးမရှိတဲ့...လောဘသားကောင်က ဝေဖန်​ေနစရာ မလိုဘူး...မင်း ငါ့ကို ပြောချင်သလို ပြောနိုင်တယ်...ငါ လက်ခံပေးမယ်...ဒါပေမယ့် ငါ့ယောကျာ်းကိုတော့ မထိနဲ့...မင်းနဲ့ လော့ချိုင်မယ်မယ်ကြီး...ဘာတွေ ကြံစည်ပြီး သဘောတူ ခဲ့သလဲ ဆိုတာ...ငါ ဖော်ထုတ် မိလိမ့်မယ်...သတိထားနေပါ...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now