Part 2 (U&Z)

5K 306 1
                                    

(Unicode)

*မင်းကြီး...ပင်ပန်းနေပြီလား...

နန်းဆောင်ထဲကို နွဲ့နှောင်းစွာ ဝင်လာတဲ့ ကြင်ယာတော် ရှန်းရှန်ကို ဝမ်ရိပေါ်က လှမ်းကြည့်လိုက်သည်။

ရှန်းရှန်.....
ဝမ်ရိပေါ် အိမ်ရှေ့စံအဖြစ် အပ်နှင်းခံရပြီးနောက် မကြာခင်မှာပင် လော့ချိုင်မယ်မယ်ကြီးရဲ့ အစီအမံနဲ့ လက်ဆက်ခဲ့ရသည့် အဆင့် ၃ ကြင်ယာတော်.....
မင်းကြီး ဝမ်ရိပေါ်မှာ အခုအချိန်အထိ တရားဝင် မိဖုရား မရှိသေး။ အိပ်ဆောင် မဝင်ရသေး။ ​လော့ချိုင်မယ်မယ်ကြီးရဲ့ အစီအမံများ အတိုင်းသာ ရှိနေခဲ့ရလေသည်။ သို့သော် ရှန်းရှန်နဲ့ ဝမ်ရိပေါ်က အိမ်ထောင်သည် မကျ သူငယ်ချင်း မက ပုံစံဖြင့် တယောက်နဲ့ တယောက် တွယ်တာနေခဲ့လေသည်။

*လာလေ...ရှန်းရှန်...ကိုယ်တော့်ဆီကို သက်သက် လာတာလား...ကိစ္စ ရှိလို့လား...

*သက်သက် လာတာပေါ့ မင်းကြီးရဲ့...ကိစ္စရှိမှ လာရမှာလားလို့...ဟင့်...

ရှန်းရှန်က ဝမ်ရိပေါ်ကို နောက်မှ သိုင်းဖက်ရင်း နွဲ့မူစွာ ပြောလိုက်သည်။

*မဟုတ်ပါဘူး...ကိုယ်တော်က မေးကြည့်တာပါ...
လာ...ဒီမှာ ထိုင်...

ဝမ်ရိပေါ်က ရှန်းရှန်ရဲ့ လက်လေးကို ဆွဲယူပြီး နံဘေးမှာ ထိုင်ခိုင်းလိုက်သည်။ ရှန်းရှန်က ဝမ်ရိပေါ် ရဲ့ ပုခုံးစွန်းကို အသာအယာ မှေးမှီလိုက်သည်။

*မင်းကြီးမှာ...စိတ်ရှုပ်စရာတွေ ရှိနေလို့လား ဟင်...မနက်ကတည်းက ရှန်းရှန် ကြည့်နေတာ...မင်းကြီး မျက်နှာက သုန်မှုန်နေလို့လေ...ဘာဖြစ်လို့လဲ ဟင်...

ရှန်းရှန်က ဝမ်ရိပေါ်ရဲ့ မျက်နှာကို ခပ်ငေးငေး မော့ကြည့်ကာ မေးသည်။ ဝမ်ရိပေါ်က ရှန်းရှန်ရဲ့လက်လေးများကို ဆွဲယူကာ ဆုပ်နယ်နေလေသည်။

*ဟင်းးး...ဘာမှ မဟုတ်ပါဘူး...ရှန်းရှန်ရယ်...ဒီနန်းတော်ထဲမှာလည်း ကိုယ်တော့်အတွက် စိတ်ပူတတ်တာဆိုလို့...မယ်တော်နဲ့ ရှန်းရှန်ပဲ ရှိမယ် ထင်တယ်...

*ဟင်း...ရှန်းရှန်က မယ်တော့်ကိုတော့ မမှီပါဘူးနော်...မယ်တော်က ပိုပူပန်မှာပေါ့...အမေကိုး...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now