Part 33 (U&Z)

3.3K 255 13
                                    

(Unicode)

*မင်းက ကလေးလား...အငိုသန်လိုက်တာ...နားကို ညီးနေတာပဲ...

ခပ်တိုးတိုး စကားသံကြောင့် ဝမ်းပန်းတနည်း ငိုနေတဲ့ ဝမ်ရိပေါ်ခမျာ ကြောင်သွားရသည်။

*ချင်း...ချူ...
ခင်...ဗျား...ခင်...ဗျား...

*ဘာလို့ ဒီလောက် ကြာနေရတာလဲ...မင်း မလာတော့ဘူးလို့တောင်...ငါ ထင်ထားတာ...

ခပ်တိုးတိုး ပြောလိုက်တဲ့ ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ် ခမျာ ဝမ်းသာလွန်းလို့ ဆွံ့အ နေမိတော့သည်။

*ကျွန်...ကျွန်တော်က ဘာလို့မလာရမှာလဲ...လာမှာပေါ့...ခင်ဗျားကို ဘယ်လိုလုပ်ပြီး စွန့်ပစ်နိုင်မှာလဲ ချင်းချူရယ်...
ဟားးး...ဝမ်းသာလိုက်တာ...ခင်ဗျား မသေဘူး...တကယ် မသေ​ဘူး...

ဝမ်ရိပေါ်က ဝမ်းသာအားရနဲ့ ရှောင်းကျန့်ကို တိုးကာ ဖက်လိုက်သည်။

*အား...နာတယ်ကွ...အရမ်း မဖက်နဲ့...

ရှောင်းကျန့်က နာကျင်လွန်းစွာ အော်လိုက်သည်။

*ဝမ်းသာသွားလို့ပါ ချင်းချူရယ်...

*ဟာ...ချင်းချူ...ချင်းချူ မသေဘူး...
ဟုံးလင်...မင်းကွာ...တော်တော်ဆိုးတဲ့ကောင်...

ကျို့လီရဲ့ စကားကြောင့် ဟုံးလင်က စပ်ဖြဲဖြဲနဲ့ ပြန်ကြည့်သည်။

*ငါက သေတယ်လို့ မပြောခဲ့ပါဘူးကွာ...မကာကွယ်လိုက် နိုင်ဘူးလို့ပဲ ပြောခဲ့တာပါ...ဒါတောင် ချင်းချူကို ငါ မနည်းကြီး အသက် ကယ်ထားရတာနော်...ဟိုကောင်ရဲ့ နောက်ဆုံး ဓားချက်က ရင်ဖက်ကို ထိုးသွားတာ...အလစ်အငိုက်မှာ ဝင်တွယ်သွားတာလေ...သတ္တိ မရှိတဲ့ကောင်...

နောက်ဖက်မှ ငြင်းခုံနေသံတွေကို ဝမ်ရိပေါ်က စိတ်မဝင်စားနိုင်။ ရှောင်းကျန့်ကိုသာ တယုတယ ပွေ့ဖက်ရင်း မျက်ရည်ကျနေမိသည်။

*ငိုနေတုန်းလား...ငါ တောင်းပန်ပါတယ် ရိပေါ်ရယ်...မင်း စိတ်ပူဖို့ တကယ် မရည်ရွယ်ပါဘူး...ဒါပေမယ့်...

*ရတယ်...ခင်ဗျား ဒီလိုလေး ရှိနေတာကိုက လုံလောက်နေပါပြီ...တခြားဘာမှ ထပ်မမျှော်လင့်ပါဘူး...တကယ်...တကယ်ကို လုံလောက်ပါတယ်...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now