(Unicode)
*မဟုတ်ဘူး...
အေးစက်စက် ထွက်ပေါ်လာတဲ့ ဝမ်ရိပေါ်ရဲ့အသံကြောင့် တဲအတွင်းရှိ လူအားလုံး ကြောင်သွားရသည်။
*မြေးတော်...
*မင်းကြီး...
မိမိ လက်များကို တွန်းဖယ်ပြီး နေရာမှ ထရပ်လိုက်တဲ့ ဝမ်ရိပေါ်ကို ရှန်းရှန်က ကြောင်ကြောင်လေး မော့ကြည့်နေလေသည်။
*မြေးတော်...စိတ်ထိန်းပါဦးကွယ်...ပြီးပြီးသား ကိစ္စပဲ...ဖြစ်ပြီးသွားပြီလေကွယ်...ပြန်ပြင်လို့မှ မရတော့တာ...
*ဟုတ်ပါတယ် မင်းကြီးရယ်...ချင်းချူဟွားက...
လော့ချိုင်မယ်မယ်ကြီးနဲ့ ရှန်းရှန်က ဝမ်ရိပေါ်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ ဝမ်ရိပေါ်က ရှန်းရှန်ကို ငုံ့ကြည့်ေလသည်။
*မင်း ချင်းချူကို အားမနာဘူးလား...မင်းအတွက် သူ့နောက်က ကိုယ်ရံတော်ကို ပို့ပေးခဲ့တာလေ...ပြီးတော့ သူက သူများတိုင်းပြည်မှာ လာနေရတဲ့သူ...သူ့အတွက် အန္တရာယ်တွေ ဝိုင်းနေတာကို သူ သိပြီးသား...ဒါတောင် မင်းအတွက် သူ့ကိုယ်ရံတော်ကို ပို့ပေးခဲ့တာလေ...မင်း အားမနာတတ်ဘူးလား...
ဝမ်ရိပေါ်က ကုန်းအော်လိုက်သည်။
*မြေးတော်...အဲ့လိုတော့...
လော့ချိုင်မယ်မယ်ကြီးက တားဆီးရန် ကြိုးစားလိုက်သည်။
*ကြင်ယာတော် ဒဏ်ရာ ရတော့...ကိုယ်တော့်ကြောင့် မဟုတ်ခဲ့တာတောင် မယ်မယ်ကြီးက အပြစ်တင်တယ်...အခု ချင်းချူဟွားအတွက်ကျ...မယ်မယ်ကြီး ဘာလို့ ကြင်ယာတော်ကို အပြစ်မတင်ခဲ့သလဲ...
*ကြင်ယာတော်နဲ့ ဘာဆိုင်လို့လဲ မြေးတော်...သူ့ကိုယ်ရံတော် မလာခဲ့ရင်လည်း...ဒီလူ ငါးယောက်လောက်ကို မြေးတော် ခုခံနိုင်မယ်ဆိုတာ မယ်မယ်ကြီး သိပြီးသား...
လော့ချိုင်မယ်မယ်ကြီးက ရှန်ရှန်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။
ခုနကအထိ ကောင်းမွန်ခဲ့တဲ့ အခြေအနေကို ဘာမဟုတ်တဲ့ကောင်ကြောင့် အပျက်မခံနိုင်ဘူး။
*အဟား...ဒါကြောင့် ၅ ယောက်ပဲ ပို့ခဲ့တာလား...ဒါပေမယ့် ဇာတ်ညွှန်းထဲမှာ အဆိပ်မြားတွေတော့ မထည့်သင့်ဘူးလေ...အခုတော့...သေမလောက် ခုခံခဲ့ရတယ်...ကျင်းကိုယ်ရံတော်နဲ့ ကျို့လီသာ အချိန်မီ ရောက်မလာရင်...ကိုယ်တော် သေနေတာကြာပြီ...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed