(Unicode)
တညလုံး ခရီးပြင်းနှင်ခဲ့သည့် ရှောင်းကျန့်တို့ နောက်တနေ့ ညနေတွင် နန်ဖန်း နယ်စပ်ဆီ ရောက်သည်။ စူးချန် သတင်းပို့ထားသည်မို့လည်း မင်းကြီးကောင်းချန်ခမျာ လည်တဆန့်ဆန့် ရှိနေေလသည်။
ခွပ်...
ခွပ်...
ခွပ်...
မြင်းခွာသံ သဲ့သဲ့ကြောင့် မင်းကြီးကောင်းချန် ခေါင်းထောင်သွားသည်။ အသံလာရာဆီ လှမ်းမျှော် ကြည့်လိုက်သည်။
ရှောင်း...
မြင်းဖြူကို စီးကာ အနက်ရောင် ဝတ်ရုံနဲ့ ရှောင်းသည် အရင်ကအတိုင်း ချောမောနေဆဲ။ မာန်အပြည့် ရှိနေဆဲ။
ရဲမက်တယောက်က အပြေးထွက်လာကာ မြင်းဖြူရဲ့ ဇက်ကြိုးကို ဆွဲပြီး ရှောင်းကျန့်တို့ကို ကြိုလိုက်သည်။ တဲနန်းတွေ ချကာ ကြိုနေတဲ့ မင်းကြီးကောင်းချန်ကြောင့် ရှောင်းကျန့် အနည်းငယ် စိတ်ရှုပ်ကာ အံ့ဩသွားလေသည်။
*ရှောင်း...ဝမ်းသာလိုက်တာ ရှောင်းရယ်...ကိုယ်တော် စောင့်နေတာ ၂ ရက်ရှိပြီ...
မင်းကြီးကောင်းချန် စကားကြောင့် ရှောင်းကျန့် စိတ်မကောင်း ဖြစ်သွားသည်။
*ကျွန်တော်က ဒီနေ့မှ ပြန်လာမယ် ပြောထားတာလေ...ဘာလို့ မင်းကြီး ကိုယ်တိုင် လာရတာလဲ...
*ကိုယ်တော်က နန်းဆောင်ထဲမှာ...ထိုင်စောင့် မနေချင်ဘူးလေ...အဆင်ပြေပါတယ်...အခု ရှောင်း ရောက်လာပြီပဲ...ကိုယ်တော် သတိရနေခဲ့တာ ရှောင်းရယ်...
မင်းကြီးကောင်းချန်က ပြောလည်းပြောရင်း ရှောင်းကျန့်ကိုပါ ပွေ့ဖက်လိုက်သည်။ ရှောင်းကျန့်က နေရခက်စွာ အသာအယာ ရုန်းထွက်လိုက်သည်။
*ကျုံးကျင်းဘုရင် မင်းမြတ်ရဲ့ မိဖုရားခေါင် အဆင့် ချင်းချူဟွား ရှောင်းကျန့်...နန်ဖန်းဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်...
ရှောင်းကျန့်က လက်တဖက် ရင်ဖက်ပေါ်တင်ကာ ဦးညွတ်လိုက်သည်။ မင်းကြီးကောင်းချန် မျက်နှာက ညှိုးကျသွားသည်။
ဟုတ်သားပဲ...ရှောင်းက အခုအိမ်ထောင်သည်ပဲ...ပိုင်ရှင် ရှိနေပြီလေ...ဟင်းးး...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed